ကိုယ်စားလှယ်လောင်း ၉၅ ဦး အမည်စာရင်း ရွေးကောက် ပွဲကော်မရှင် ထုတ်ပြန်


2017.01.02
election-commission-620.jpg ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ်
Photo: Union Election Commission/ Facebook

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စား လှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလောင်း စုစုပေါင်း ၉၅ ဦးရဲ့ အမည်စာရင်းတွေကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အတည်ပြုထုတ်လိုက်ပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၉၆ ဦးရှိခဲ့ရာမှာ ၁ ဦးဟာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ပယ်ချခံခဲ့ရတာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။

"ဝလစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ သူက မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်အေးအေးနွယ်ပေါ့။ သူက ကျနော်တို့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနဲ့ သွားပြီး ငြိသွားလို့ပေါ့။ ဝန်ထမ်းဖြစ်ခြင်း ဆိုတာပါတယ်လေ။ သူက အဲ့မှာ ဝန်ထမ်းဖြစ်နေတဲ့အတွက် ရွေးကောက် တင်မြှောက်ပိုင်ခွင့်မရှိဘူးလို့ ဥပဒေမှာ ပြဌာန်းထားလို့ပါ"

လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၉ ခုအတွက် ကိုယ်စားလှယ် ၄၉ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၃ ခုအတွက် ၁၅ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲန္ဒနယ်မြေ ၇ ခုအတွက် ၃၀ ဦး တို့က ဝင်ရောက်အရွေးခံကြမှာ ဖြစ်ပါတယ်။

ပြည်သူ၊ အမျိုးသားနဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့အတွင်း ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အမည်စာရင်းတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အသီးသီးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကစတင်ပြီး ဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိစိစစ်ပြီး အတည်ပြု ထုတ်ပြန်ပေးလိုက် တာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ အခုလ ၃၀ ရက်နေ့ကစတင်ပြီး လာမယ့် မတ်လ ၃၀ ရက်နေ့အထိ မဲဆွယ်စည်းရုံး ခွင့်ရမှာ ဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေက လစ်လပ် မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေဟာ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံသွားဖို့ ရှိနေ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။