ဆိုင်ကယ်ပေါ်မှာ အမျိုးသားနှစ်ယောက် စီးနင်းခွင့် လျှောက်ထားနိုင်

2022.01.30
ဆိုင်ကယ်ပေါ်မှာ အမျိုးသားနှစ်ယောက် စီးနင်းခွင့် လျှောက်ထားနိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဆိုင်ကယ်စီးနင်းသူတချို့ကို ၂၀၂၁ မေ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ဆိုင်ကယ်ပေါ်မှာ အမျိုးသားနှစ်ယောက် စီးခွင့်ရဖို့အတွက် စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့ဆီ စီးနင်းခွင့် လျှောက်ထားရမယ်ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားလာ တယ်လို့ မန္တလေးမြို့က လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလကစပြီး တင်ပြခွင့်ရမယ်ဆိုလို့ လုပ်ငန်းလိုအပ်ချက်အရ သွားလျှောက်ကြည့် မယ်လို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့က အကြော်စုံ လုပ်ငန်းရှင်တစ်ယောက်က ပြောပါ တယ်။

“အလုပ်က အမျိုးသားနှစ်ယောက် ဆိုင်ကယ်နဲ့ သွားလာရမယ့် အလုပ်ဖြစ်မယ်ဆိုရင် လာမယ့် ဖေဖော်ဝါရီမှာစပြီး ရုံးကိုလာပြီး တင်ပြလို့ရပြီဆိုပြီး ပြောလာတယ်။ အလုပ် အတွက်လည်း လိုအပ်နေတော့ သွားတော့လုပ်ကြည့်ရမှာပေါ့၊ ဘာတွေလိုအပ်မယ် ဆိုတာတော့ မသိသေးဘူး”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ဆိုင်ကယ်ပေါ်ကနေ ဖောက်ခွဲရေး လုပ်နေတာတွေကြောင့် ဆိုင်ကယ်စီးရာမှာ အမျိုးသားနှစ်ယောက် မစီးဖို့၊ အမျိုးသမီး နောက်မှာ အမျိုးသား မလိုက်ရဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက မန္တလေးမြို့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးရဆိုတဲ့ တားမြစ်ချက်ကို စစ်ကောင်စီက တစ်နိုင်ငံလုံး နီးပါးမှာ ထုတ်ပြန်ထားပြီး အမျိုးသားနှစ်ယောက် စီးလာရင် သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက် မနေ့က အောင်မြေသာစံမြို့နယ် ၁၉ လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးလာပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့လို့ စစ်သား တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်ကလည်း မန္တလေးမြို့ ၆၂ လမ်းပေါ်က ကုတင် ၃၀၀ ဆေးရုံရှေ့မှာ ဇနီး မောင်နှံနှစ်ယောက် ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခံရလို့ နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။