အရှေ့တီမောနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ NUG ဝန်ကြီးတွေ တွေ့ဆုံ

RFA Burmese
2024.06.27
အရှေ့တီမောနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ NUG ဝန်ကြီးတွေ တွေ့ဆုံ အရှေ့တီမောအစိုးရတာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် NUG အစိုးရက ထုတ်ပြန်ထားစဉ်။
Facebook/NUG

အရှေ့တီမောနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးအဖွဲ့တို့ ဇွန်လ ၂၀၊ ၂၁ နဲ့ ၂၄ ရက်နေ့တွေအတွင်း တီမောနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုမှာ တီမောနိုင်ငံဘက်က ဒုတိယဝန်ကြီးချုပ် Mariano Assanami Sabino အပါအဝင် နိုင်ငံခြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတို့ ပါဝင်ပါတယ်။

NUG ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတို့ ပါဝင်ပြီး မြန်မာနဲ့ တီမောနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အသေးစိတ် ဘာတွေဆွေးနွေးကြသလဲဆိုတာကို မဖော်ပြပေမဲ့ တီမောနိုင်ငံရဲ့ မြန်မာပြည်သူတွေအပေါ် ရပ်တည်ချက်ဟာ လက်ရှိ ခုခံတော်လှန်မှုတွေအတွက် သံတမန်ရေးအရ ထိရောက်တဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက RFA ကို ပြောပါတယ်။

အရှေ့တီမောနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့ NUG ကို တရားဝင် ထောက်ခံအားပေးထားပါတယ်။

ဒီအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လထဲမှာပဲ စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံးတာဝန်ခံကို နိုင်ငံက အပြီးထွက်ခွာဖို့ နှင်ထုတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။