အလယ်အလတ်တန်းစား အခွန်ထမ်းတွေအတွက် အခွန်စနစ်ပြောင်းမည်


2017.06.22
mgmgwin-620.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကို ဇွန်လ ၂၂ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေး မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

တစ်နှစ်ကို ရောင်းရငွေ ကျပ် ၄.၅ ဘီလီယံအထိ မပြည့်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ဝင်ငွေအတိုင်း ကိုယ်တိုင်စည်းကြပ်ပြီး အခွန်ပေးဆောင်တဲ့စနစ်ကို ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁ ရက် စတင်ပြီး ပြောင်းလဲကျင့်သုံး မယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် စောယှားဖောင်အွာရဲ့ ဥပဒေနဲ့အညီ အခွန်ကောက်ခံရာမှာ အပြည့်အဝရနိုင်ရန်နဲ့ အခွန်ရှောင်တာ၊ ယိုဖိတ်တာ၊ မလျော့နည်းအောင် ဘယ်လိုဆောင် ရွက်ထားသလဲဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက အခုလို ထည့်သွင်းပြော လိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်အချိန်မှာတော့ အခွန်ဌာနက စည်းကြပ်ပြီး ကောက်ခံတဲ့စနစ်ကို သုံးနေတာဖြစ်ပါတယ်။

တစ်နှစ်ကို ရငွေ ၄.၅ ဘီလီယံ ကျပ်ငွေနဲ့အထက်ရရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်ထမ်းကြီးအဖြစ် သတ်မှတ် ပြီး အဲဒီအောက် လျော့နည်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို အလယ်အလတ်တန်းစား အခွန်ထမ်းတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခွန်ထမ်းကိုယ်တိုင်က သူတို့ရရှိတဲ့ ဒါမှမဟုတ် စုဆောင်းရရှိတဲ့ ဝင်ငွေကို ကိုယ်တိုင်စည်းကြပ်ပြီး အခွန်ဆောင် တဲ့စနစ်ဟာ ရိုးရှင်းလွယ်ကူတဲ့ နည်းဖြစ်သလို အခွန်ဝန်ထမ်းတွေရဲ့ ပါဝင်စွက်ဖက်မှုနည်းပါးလို့ အဂတိလိုက်စား မှုလည်း လျော့နည်းပပျောက်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အခွန်ထမ်းကြီးများကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကို ၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်ကစပြီး ဆောင်ရွက်ခဲ့ တယ်လို့လည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

လက်ရှိ ရှိအချိန်မှာ အခွန်ထမ်းကြီး ၅ဝဝ နဲ့ အလယ်အလတ်တန်းစား အခွန်ထမ်း (၁) အရေအတွက် ၇ဝဝ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။