ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံး မြစ်ကြီးနားမှာ ဖွင့်လှစ်


2014.11.29
tai-leng-party-305.jpg မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နိုဝင်ဘာ ၂၉ ရက်နေ့က တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ မြစ်ကြီးနားမြို့နယ်ရုံးကို ဖွင့်လှစ်စဉ်
Photo: Kyaw Myo Min/RFA

တိုင်းလိုင် (ခေါ်) ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ TNDP က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ ဒီနေ့ ရုံးခန်းဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကို ပထမဦးစားပေး အနေနဲ့ ဆောင်ရွက်နေတယ်လို့ တိုင်းလိုင်(ခေါ်) ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနား မှာ ပြောပါတယ်။

"ကျနော်တို့ နေထိုင်ရာဒေသဟာ မငြိမ်းချမ်းပါဘူး၊ အခုပြည်တွင်းငြိမ်းချမ်းရေး မရှိဘူးဆိုရင် သွားရေး လာရေး၊ လုပ်ရေးကိုင်ရေးက အကျပ်အတည်းကြုံတွေ့ ရပါတယ်၊ နှစ်ဖက်စစ်ပွဲတွေကြားထဲမှာ ဒုက္ခ သည်တွေ ပေါ်လာပါမယ်၊ လူမျိုးတစ်မျိုးဟာ သူရ သင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သူရရပါမယ်၊ အဲ့လိုမှမရဘူးဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ ဘယ်လိုမှတည်ဆောက်လို့ မရရပါဘူး၊ အဲဒီ့ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆိုတာကလည်း ပြည်သူလူထု လက်ခံနိုင်တဲ့ အခွင့်အရေးပဲဖြစ်ရပါမယ်"

ဒါ့အပြင် ဒေသတွင်းမှာ အတူနေထိုင်တဲ့ တိုင်းရင်းသားများနဲ့ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောင်ရေးကိစ္စတွေမှာလည်း တိုင်းရင်းသားပါတီတွေနဲ့အတူ ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

တိုင်းလိုင်ပါတီဟာ ကချင်ပြည်နယ်က တိုင်းလိုင် (ခေါ်) ရှမ်းနီလူမျိုးတွေကို ကိုယ်စားပြုပြီး ၂၀၁၂ခုနှစ် မေလ ၁၀ ရက်နေ့မှာ တရားဝင်ပါတီ တည်ထောင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မြစ်ကြီးနားမြို့နယ် ရုံးဖွင့်ပွဲကို အမျိုးဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီတွေနဲ့ မြို့မိမြို့ဖတွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။