ဖားကန့်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆို

2022.01.20
ဖားကန့်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆို ဖားကန့်မှာ အင်တာနက်ဖြတ်တာ ငါးလပြည့်တဲ့ ၂၀၂၂ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြည်သူတွေ ဆန္ဒပြစဥ်
Photo: Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်ဖြတ်တောက်ခံထားရတာ ဒီနေ့ ငါးလပြည့်ပြီ ဖြစ်တဲ့အတွက် အင်တာနက်လိုင်းတွေ အမြန်ဖွင့်ပေးဖို့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။

ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာပါ။

ဒါကြောင့် မိုဘိုင်းငွေကြေးလွှဲပြောင်းမှုတွေ၊ ပညာရေး၊ စီးပွားရေးနဲ့ သတင်းအချက် အလက်တွေအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဖားကန့်က တချို့နေရာတွေမှာတော့ အင်တာနက်ဆိုင်တွေ ဖွင့်ထားတာရှိပေမယ့် တစ်နာရီကို ငွေကျပ် တစ်သောင်းကျပ်ထိပေးပြီး သုံးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ ခုခံတော်လှန်နေတဲ့ ဒေသတွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစလို့ စစ်ကောင်စီက အင်တာနက်ဖြတ်တောက် မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အပါအဝင် ချင်း၊ ကယား၊ စစ်ကိုင်း၊ မကွေးတိုင်း၊ မန္တလေးစတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၂၉ ခုမှာ အင်တာနက်ဖြတ်တောက်ခံထားရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့က ကချင်ပြည်နယ်က ဖားကန့်မြို့နယ်၊ စက်တင်ဘာ ၂၃ ရက်မှာ ချင်းပြည်နယ်က ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ် ရှစ်ခု၊ စက်တင်ဘာ ၁၅ ရက်နေ့ဝန်းကျင်ကစလို့ စစ်ကိုင်းတိုင်းက အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ဆားလင်းကြီး၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကော လင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ မင်းကင် စတဲ့မြို့နယ်ပေါင်း ၁၂ ခု၊ မကွေးတိုင်းက တောင်တွင်း ကြီး၊ မြိုင်၊ ဂန့်ဂေါ၊ ထီးလင်း စတဲ့ မြို့နယ်လေးခု၊ မန္တလေးတိုင်းက မြင်းခြံ၊ မိုးကုတ် စတဲ့ မြို့နယ် နှစ်ခုနဲ့ နိုဝင်ဘာလကစလို့ ကယားပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို စတဲ့မြို့နယ်တွေ ကို အသီးသီး အင်တာနက်ဖြတ်တောက်ခဲ့တာ ဒီနေ့အချိန်အထိ ဖြစ်ပါတယ်။

အဲဒီမြို့နယ်ပေါင်း ၂၉ ခုမှာ ကျေးရွာပေါင်း ၅၀၅၆ ရွာရှိပြီး လူဦးရေ လေးသန်းနီးပါး နေထိုင်ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။