သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု ရပ်တန့်ပေး ဖို့ တောင်းဆို


2015.08.12
salween-river-620.jpg သံလွင်မြစ်တစ်နေရာကို တွေ့ရစဉ်
Photo: Nay Thwae/RFA

သံလွင်မြစ်မှာတည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်း ၆ခုကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅ ဖွဲ့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ကရင်၊ ရှမ်းနဲ့ မွန်ပြည် နယ်တို့မှာ ရေလွှမ်းမိုးမှုတွေ ရှိလာနိုင်တာကြောင့် ဆည်တွေဆောက်လုပ်ဖို့ ပြင်ဆင်နေ တာကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့ ရာမည ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက်က ကိုစောသာဘိုးက ပြောပါတယ်။

"လက်ရှိအနေအထားမှာတောင် ကျနော်တို့ဆီမှာ ရေတွေကြီးနေတယ်၊ ကရင်ပြည်နယ်မှာလည်း ရေကြီး မှုတွေကြုံနေ ရပါတယ်၊ သံလွင်မြစ်တလျှောက်မှာ ဆိုလည်း ပိုပြီးတော့မှ မုတ်သုန်မိုးများရင် ရေဝင်တာများ မယ်၊ ဆောက်လုပ် မယ့်ရေကာတာထဲမှာ ရေဝင်တာပိုများရင် တစ်နိုင်ငံလုံး ဒုက္ခခံစားရသလို ကျနော်တို့ဖြစ် လာနိုင်တာကို ကျနော်ပြော ချင်တာပါ"

ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းဆောက်မယ့်နေရာတွေဟာ ငလျင်ပြတ်ရွေ့ ကြောတွေနဲ့ နီးကပ်နေတဲ့အတွက် ငလျင် လှုပ်တဲ့အခါ ဆည်တွေကျိုးပြီး မြစ်အောက် ပိုင်းမှာရှိတဲ့ ရွာတွေ အားလုံးရေလွှမ်းခံရနိုင်တယ်လို့လည်း ကန့်ကွက်သူတွေ က ပြောပါတယ်။ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်၊ သံလွင်ကာကွယ် ထိန်းသိမ်းရေး ကွန်ရက်၊ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းနဲ့ မွန်လူငယ်အဖွဲ့တွေ စုပေါင်းပြီး ကန့်ကွက်တာဖြစ်ပါတယ်။ လက်ရှိ ကရင်ပြည်နယ် နဲ့ မွန်ပြည် နယ်တွေမှာ သံလွင်မြစ်ရေကြီးတဲ့အတွက် အိမ်ထောင်စု ၁၂၀၀ ကျော်က လူဦးရေ ၆၀၀၀ ကျော် ဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြ ရပါတယ်။ ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို တရုတ်ကုမ္ပဏီနဲ့ ထိုင်းကုမ္ပဏီတို့က ဆောက်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ကရင်ပြည်နယ် မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်က ကိုစောသာဘိုးကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။