ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံပြန်တင်မည်
2012.02.27

RFA (Shan TV)
ခုလို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ပါတီ မှတ်ပုံပြန်တင်ပေမယ့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့
ဦးစိုင်းလိတ်က ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်းကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး
ကော်မရှင်ကို ပေးပို့ရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒုတိယအများဆုံး အနိုင်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အမျိုးသားညီလာခံကို ဆက်မတက်ခဲ့ဘဲ SNLD ပါတီ ဥက္ကဋ္ဌ
ဦးခွန်ထွန်းဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင် ၈ ဦးကို ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့
ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ စစ်အစိုးရက ၂၀၀၅ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အခြားစွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ
ချမှတ်ခဲ့ပါတယ်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာက တစ်ကြောင်း၊ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထားတာက
တစ်ကြောင်းကြောင့် ၂၀၁၀ တုန်းက ပါတီကို ပြန်ပြီး မှတ်ပုံမတင်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့်မှာ ဦးခွန်ထွန်းဦးအပါအဝင်
တခြားခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့နောက်မှာ အခုလို ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။