ကျားဖြူပါတီ နေရာ ၂ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်
2015.07.17

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ရာကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဥက္ကဌက ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ ကြိုးစားနေ တာ ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
"ရှမ်းပြည်မှာ ၄၃ ဦး၊ ကချင်မှာ ၉ မြို့နယ်၊ စစ်ကိုင်း ၅၊ မန္တလေး ၃၊ ကယား ၅ အဲ့လိုပြန်တာ၊ ၂ဝ၁၅ ရွေးကောက်ပွဲကျရင် ကျနော်တို့ ကျားဖြူပါတီက ရှမ်းပြည်နယ် အစိုးရဖွဲ့နိုင်အောင် ကြိုးစားနေတယ်လို့၊ အများစုနိုင်အောင်လုပ်နေတယ်အခု၊ နိုင်မယ်လို့ အန်ကယ်လ်တို့ ယုံကြည်ထားတယ်၊ လွှတ်တော်ကိုယ်စား လှယ် သင်တန်းတွေပေးတယ်၊ မြို့တိုင်းမြို့တိုင်းမှာ လူငယ်တွေကို သင်တန်းပေးနေတယ်"
ကျားဖြူပါတီဟာ ရှမ်း၊ ကချင်၊ ကယား၊ စစ်ကိုင်းနဲ့ မန္တလေး စတဲ့တိုင်းနဲ့ ပြည်နယ်တွေက မဲဆန္ဒနယ် ၆ဝ ကျော်မှာ ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။
ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ မြို့နယ်အလုပ်အမှုဆောင် ကော် မတီဝင်တွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ဆိုပါတယ်။
ကျားဖြူပါတီဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၂ ရွေးကောက်ပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ် ၅၈ ယောက် ရွေးချယ် ခံထားရပြီး ပြည်ထောင်စုအဆင့် ဝန်ကြီး ၁ ဦး၊ ပြည်နယ်ဝန်ကြီး ၅ ဦး ခန့်အပ်ခံထားရပါတယ်။
ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။