ကျူးကျော်တဲ အလုံးရေ နှစ်ထောင်ကျော် ကို ပြောင်းရွှေ့ခိုင်း


2016.08.24
uyukhaing-620.jpg မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်ကို သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arker/ RFA

လာမဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်း ၃ မိုင် ကနေ ၅ မိုင်ကျော် အတွင်းမှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်း အစိုးအဖွဲ့က အကြောင်းကြားထားပါတယ်။

ရန်ကုန်တိုင်း အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က အစိုးရရဲ့ ညွှန်ကြားချက်ကို အခုလို ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့နှစ်ပါတ်အချိန်ပေးထားတယ် သူတို့ပစ္စည်းတွေ သယ်ဖို့ရွေ့ဖိုပေါ့နော် ရွေ့တာ မရွေ့တာ သူတို့ကိစ္စပေါ့ဗျာ တကယ်လို့များရွေ့ရင် အချိန်လေးပေးဖို့တော့လိုတယ်ဆိုတော့ နှစ်ပတ်ပေးမယ်တဲ့ အဲ့ဒါနဲ့ကျွန်တော်တို့က နှစ်ပတ်ပေးထားတယ်"

အဲ့ဒီကျူးကျော်နေရာမှာ တဲအလုံးပေါင်း၂ ထောင်ကျော်ခန့်ရှိပြီး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ဖို့ အတွက် အရင်အစိုးရလက်ထက်က မဟာမိတ်ကြယ်များ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မဟာမိတ်ကြယ်များကုမ္ပဏီက အဲဒီမြေနေရာမှာ တန်ဖိုးနည်းအိမ်ရာ၊ တက္ကသိုလ်၊ နိုင်ငံတကာ အဆင့်မီ စာသင်ကျောင်းနဲ့ ဂေါက်ကွင်းတွေ ဆောက်လုပ်မှာဖြစ်တယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

စီမံကိန်းနယ်မြေမှာ ကျူးကျော်နေထိုင်သူတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖယ်ရှားခဲ့ပေမယ့် အစိုးရသစ် တက်ပြီးနောက်ပိုင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။