ရန်ကုန် ဆီဒိုးနားဟိုတယ်ကို ရောင်းချတော့မည်

RFA Burmese
2023.03.09
ရန်ကုန် ဆီဒိုးနားဟိုတယ်ကို ရောင်းချတော့မည် ရန်ကုန်မြို့၊ အင်းလျားကန်ဘက်ခြမ်းမှ တွေ့မြင်ရသည့် ဆီဒိုးနားဟိုတယ်မြင်ကွင်း။
Yangon Sedona/Website

ရန်ကုန် ဆီဒိုးနားဟိုတယ်ကို အမေရိကန်ဒေါ်လာ ၅၇.၄ သန်းနဲ့ ရောင်းချတော့မယ်လို့ စင်္ကာပူ Keppel ကော်ပိုရေးရှင်းက ကြေညာလိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှု ဂယက်တွေကြောင့် ဟိုတယ်လုပ်ငန်းတွေ ကျဆင်းခဲ့ပြီးနောက် အခုလို ရောင်းချဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

စင်္ကာပူအစိုးရ ကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Keppel ကော်ပိုးရေးရှင်းက သူ့ရဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းတွေ အားကောင်းစေဖို့ ပိုင်ဆိုင်မှုတွေကို အရှိန်မြှင့်ရောင်းချနေရတာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ဆီဒိုးနားဟိုတယ်ဟာ ၂၀၂၁ ဒီဇင်ဘာလကုန်ထဲက လုပ်ငန်းတွေ ရပ်နားထားတာဖြစ်ပါတယ်။ Keppel က သူ့ရဲ့မြန်မာနိုင်ငံက ဟိုတယ်လုပ်ငန်းတွေကို စင်္ကာပူမှာမှတ်ပုံတင်ထားတဲ့ Sprin Blossom စီးပွားရေးလုပ်ငန်းကို ရောင်းချမှာ ဖြစ်ပါတယ်။

ရောင်းချမယ့် သဘောတူညီချက်ကို ၂၀၂၃ နှစ်ဝက်ပိုင်းလောက်မှာ အပြီးသတ်ဖို့ မျှော်လင့်ရပါတယ်။ ဟိုတယ်သစ်အဖြစ် ပြန်ဖွင့်ဖို့လည်း စီစဉ်နေတယ်လို့ Spring Blossom ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်က Nikkie Asia သတင်းဌာနကို ပြောပါတယ်။

ဟိုတယ်ပြန်ဖွင့်မယ့်အချိန်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။