ပုဒ်မ ၅၉ (စ) မပြင်ဆင်ဖို့ အခြေခံဥပဒေပြင်ဆင်မှုကော်မတီ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရ


2014.06.13
section59-305.jpg ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၁၈ အလိုမရှိ ဆိုင်းပုဒ်များကို တွေ့ရစဉ်
Photo: RFA

ဒီမိုကရေစီအင်အားစုတွေနဲ့ပြည်သူတွေက ပြင် ဆင်ပေးဖို့တောင်းဆိုနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပါ သမ္မတ ဖြစ်ခွင့် ဆိုင်ရာ ပုဒ်မ ၅၉ (စ) ကို လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု အကောင်အထည် ဖေါ်ရေးကော်မတီက မပြင်ဆင်ဖို့ ဆုံးဖြတ်ထားတယ်လို့ လွှတ်တော်သတင်း ရပ်ကွက် ထံက  RFA က စုံစမ်း သိရှိရပါတယ်။


ဒီပုဒ်မ ၅၉ ဟာ သမ္မတနဲ့ အရည်အချင်းသတ်မှတ် ချက်တွေကို ပြဌာန်းထားတာဖြစ်ပြီး၊ ပုဒ်မခွဲ (စ) ကတော့ သမ္မတနဲ ့ဒုသမ္မတတာဝန်ထမ်းဆောင်ရမယ့် သူဟာ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိဘတဦးဦး ကပဲ ဖြစ်ဖြစ်၊ သား သမီး ခင်ပွန်းတဦးဦးကပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားကနေ အကျိုး ကျေးဇူးရရှိ နေသူ မဖြစ်စေရလို့ဖေါ်ပြထားတဲ့အတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ကန့်သတ်ခံထားရတဲ့ပုဒ်မဖြစ်နေ တယ်လို့ ဒီမိုကရေစီအင်အားစုတွေက ဝေဖန်ထောက်ပြ ထားကြပါတယ်။


အခုလို ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု အကောင်အထည်ဖေါ်ရေး ကော်မတီ မှာ ပြီးခဲ့တဲ့ သီတင်းပတ်က မဲခွဲဆုံးဖြတ်ခဲ့တာကို  ပြင်ပကိုမပေါက်ကြားအောင် လျှို့ဝှက် အနေနဲ့ ထိန်းသိမ်း ထားတာဖြစ်ကြောင်း အမည်မဖေါ်လိုသူ လွှတ်တော်အသိုင်းအဝိုင်းက RFA ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။