ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးအဆို အမျိုးသားလွှတ်တော်မှာ ဆွေးနွေး


2017.07.25
amyothar-parliament-620.jpg အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: MOI

အသရေဖျက်မှုနဲ့ တရားစွဲဆိုရာမှာ အသုံးပြုနေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းဖို့ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်တွေဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့ကိုယ်စားလှယ်ပေါင်း ၁၄ ဦးရှိပြီး၊ အဲဒီအနက် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးကတော့ ၆၆ (ဃ) ကို ဒီအတိုင်း ဆက်လက်ပြီး ထားရှိသင့်တဲ့အကြောင်း ဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးသူတွေထဲမှာ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်က ဒီပုဒ်မကို ဖျက်သိမ်းသင့်တယ်လို့ဆေွးနွေးသွား ပါတယ်။

မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၅) ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း ကတော့ ပုဒ် ၆၆ (ဃ) အပြင် ပုဒ်မခွဲ (ဂ) ပါ ဖျက်သိမ်းဖို့ဆွေးနွေးခဲ့ တယ်လို့ RFA ကိုပြောပါတယ်။

ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းဖို့၊ ဒီနေ့ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေအပါအဝင်၊ ဥပဒေကြမ်းကော်မတီ ဝင်တွေ၊ ဆက်သွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ တရားရေးဌာနက ပုဂ္ဂိုလ်တွေဆက်လက်ဆွေးနွေးရ မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။