ဗုံးပေါက်ကွဲမှုတွေကြောင့် ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်ရေး ဖိလစ်ပိုင် စိုးရိမ်


2013.10.18

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်း SEA GAMES အကြိုကာလမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီနေ့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့်ပြိုင်ပွဲတွေမှာ ဖိလစ်ပိုင်နိုင်ငံက အားကစားသမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အားကစားသမားတွေနဲ့ သူတို့အရာရှိတွေ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ အားကစားကော်မရှင် ဥက္ကဌ ရစ်ချီဂါဆီယာက ပြောပါတယ်။

မြန်မာနိုင်ငံက ဗုံးပေါက်ကွဲမှုအခြေအနေတွေကို မိမိတို့အနေနဲ့ဂရုတစိုက်အနီးကပ်စောင့်ကြည့်နေကြောင်း၊ ပြိုင်ပွဲမှာ ဖိလစ်ပိုင်ဝင်ပါ-မပါကို အခုချိန်ဆုံးဖြတ်ချက်ချဖို့စောနေသေးပြီး၊ နိုဝင်ဘာလကုန်ကျမှ အစိုးရရဲ့အကြံဉာဏ်ကို ရယူဆုံးဖြတ်ရမှာဖြစ်ကြောင်း ဂါဆီယာက ပြောပါတယ်။

အရှေ့တောင်အာရှအားကစားပွဲကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။