ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေမှာ လူတစ်သိန်းလုပ်ကိုင်နေဆဲ
2025.03.18

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို နိုင်ငံစုံက ပူးပေါင်းနှိမ်နင်းပေမဲ့ လူတစ်သိန်းထိ လုပ်ကိုင်နေကြတုန်းပဲလို့ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းဦးဆောင်တဲ့ ထိုင်းရဲချုပ်က ပြောကြားတဲ့အကြောင်း ဘန်ကောက်ပို့စ်က မတ် ၁၈ ရက်မှာ ဖော်ပြပါတယ်။
ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့်ဒုစရိုက်လုပ်ငန်းတွေကို ဖျက်သိမ်းဖို့ ဒေသဆိုင်ရာ ကြိုးပမ်းတဲ့နေရာမှာ ထိုင်းနိုင်ငံက ရှေ့တန်းက ပါဝင်နေတာပါ။
ကရင်ပြည်နယ် မြဝတီတစ်ဝိုက်မှာ ပြန့်ကျဲနေတဲ့ ကျားဖြန့်လုပ်ငန်းတွေက လူ ၅၀၀၀ လောက်ကို ဆွဲထုတ်ခဲ့ပေမဲ့ ရာနဲ့ချီသူတွေဟာ သူတို့သဘောဆန္ဒအလျောက် ကျားဖြန့်လုပ်ငန်းတွေဆီ ပြန်သွားတယ်လို့ အစောပိုင်း သုံးသပ်ချက်တွေမှာ ပါရှိတဲ့အကြောင်း ရဲချုပ်က ပြောပါတယ်။
လူအတော်များများဟာ မြဝတီကို တရားမဝင် ဝင်ရောက်သွားရောက်ပြီး အလုပ်ရှာဖွေဖို့ ထိုင်းကို လမ်းကြောင်းတစ်ကြောင်းအဖြစ် အသုံးချတယ်လို့ ပြောပါတယ်။ တယ်လီဖုန်းခေါ်ဆိုဌာနတွေလို ရာဇဝတ်ဂိုဏ်းတွေမှာတင်မက အွန်လိုင်းလောင်းကစားနဲ့ တခြားလုပ်ငန်းတွေမှာ အလုပ်ရှာဖွေတယ်လို့ ပြောပါတယ်။