စစ်ကောင်စီ တပ်မနဲ့ လုပ်ငန်းတွေကို ဗြိတိန်ဒဏ်ခတ်

RFA Burmese
2024.02.01
စစ်ကောင်စီ တပ်မနဲ့ လုပ်ငန်းတွေကို ဗြိတိန်ဒဏ်ခတ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မြန်မာ့ဗဟိုဘဏ်ရှေ့တွင် ဆန္ဒပြပြည်သူများကြား လုံခြုံရေးတာဝန်ယူထားသည့် တပ်မ ၇၇ မှ တပ်သားတစ်ဦးအား တွေ့ရစဉ်။
AFP

လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်ပြီး အရပ်သားတွေကို ဖိနှိပ်ရာမှာပါဝင်တဲ့ ခြေမြန်တပ်နှစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ စီးပွားရေးလုပ်ငန်းနှစ်ခုကို ဗြိတိန်နိုင်ငံက ဖေဖော်ဝါရီ ၁ ရက်မှာ အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

အမှတ် (၁၀၁) ခြေမြန်တပ်မ၊ အမှတ် (၇၇) ခြေမြန်တပ်မ၊ သတ္တုတွင်းလုပ်ငန်း အမှတ် (၁) နဲ့ အမှတ် (၂) တို့ကို အရေးယူ ဒဏ်ခတ်လိုက်တာပါ။

မြန်မာပြည်သူတွေကို ရက်ရက်စက်စက်ဖိနှိပ်နေတာ ရပ်တန်းက ရပ်သွားဖို့ မြန်မာစစ်ကောင်စီကို တိုးမြှင့်ဖိအားပေးနေတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ သုံးနှစ်အတွင်း လူပုဂ္ဂိုလ် ၂၅ ယောက်နဲ့ လုပ်ငန်း ၃၃ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူ ထားပါတယ်။ ဗြိတိန်နိုင်ငံက ခုလို အရေးယူ ဒဏ်ခတ်လိုက်တာကို Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။