ပဲခူးတိုင်းအစိုးရ နှုတ်ထွက်ရေး ဆန္ဒပြခွင့် ငြင်းပယ်ခံရ


2014.07.29
buffalo-farmer-305.jpg ကျွဲကျောင်းနေသော လယ်သမားတစ်ဦးကို တွေ့ရစဉ်
(Photo: AFP)

ပဲခူးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေ အငြင်းပွား မှု ပြဿနာတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေအရေးကို တာဝန်ယူဖြေရှင်းမပေးတဲ့ အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှုတ် ထွက်ပေးရေး ဆန္ဒပြဖို့ ဒေသခံတွေက ခွင့်ပြု ချက်တောင်းခံတာကို ပြည်မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲ ခွင့်ပြုချက်တောင်းခံခဲ့တဲ့ ပြည်မြို့ပြည်သူ့ အထောက်အကူပြုကွန်ရက်က ကိုဝင်းလှိုင်က အခုလိုပြောပါတယ်။

"ပြည်ခရိုင်အတွင်းမှာ လယ်ယာမြေပြဿနာတွေဖြစ်နေ တာ ပန်းတောင်း၊ ပေါက်ခေါင်း၊ လှည်းကူတို့မှာ လယ်သမားတွေ ထောင်ကျနေကြပြီ၊ ပဲခူးတိုင်းဒေ သကြီး အစိုးရဖွဲ့ကနေ ဘယ်သူပိုင်တယ်ဆိုပြီးတော့ လာရှင်းပေးတယ်ဆိုရင် လယ်သမားတွေ ထောင်ကျ စရာမရှိဘူး၊ လယ်သမားတွေအရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ရှင်းပေးမယ့် အစိုးရအဖွဲ့တစ်ရပ်လိုလာပြီ၊ တာဝန်ရှိပြီး လုပ်မပေးတဲ့အတွက် ပဲခူးတိုင်းဒေသအစိုးရ နှုတ်ထွက်ပေးဖို့ ကျနော်တို့ ၂ ရက်နေ့မှာ ဆန္ဒပြဖို့ စာတင်ထားတာ၊ အဲဒါကိုခုထက်ထိ လက်မခံဘူးဖြစ်နေတာ"

လာမယ့် သြဂုတ်လ ၂ရက်နေ့မှာ ဆန္ဒပြဖို့ ပြည်မြို့ ပြည်သူ့အထောက်အကူပြုကွန်ရက်က ဇူလိုင်လ ၂၆ရက်နေ့မှာ ခွင့်ပြုချက်တောင်းခဲ့တာဖြစ်ပြီး ၂၇ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းပယ်လိုက်တာလို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်နဲ့ သာယာဝတီခရိုင်မှာ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲဖမ်းဆီးခံထားရတဲ့ လယ်သမား ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။