မထသ လိုင်းလျှော့ချဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြောကြား


2016.05.24
bus-620.JPG ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ လိုင်းကားတချို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ လောက်ကို လျှော့ချသွားဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေ ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက်နေ့က တွေ့ဆုံရာမှာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကို ဆွေးနွေးစဉ် ဝန်ကြီးချုပ်က သူ့သဘောထား ကို ပြောခဲ့တာဖြစ်ကြောင်း မထသ (မြို့တွင်း) ကော်မတီ ယာယီ ဥက္ကဌ ဦးမင်းဇော် က ပြောပါတယ်။

"ဝန်ကြီးချုပ်က အနာဂတ်မှာတော့ ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ပေါ်ပေါက်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါလေးပြောခြင်းဖြစ်ပါတယ်၊ ယာဉ်လိုင်းတွေ ၃၅၇ လိုင်းလောက်ရှိတယ်ပေါ့နော်၊ အပြောင်းအလဲတစ်ခုလုပ်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့တော့မရနိုင်ဘူးပေါ့နော်၊ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်လုပ်သားတွေ ကတော့ သူတို့ဘယ်လိုလုပ်ရမလဲဆိုပြီးမေးတာလေးတွေတော့ရှိတာပေါ့နော်"

ဝန်ကြီးချုပ်က လမ်းကြောတူတွေမှာ ယာဉ်လိုင်းတူတာတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ယာဉ်တွေအပြိုင် အဆိုင် မောင်းနှင်တာတွေ ယာဉ်မတော်တဆ မှု ဖြစ်ပွားနေတာတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှု တွေကို ဖြေရှင်းနိုင် မယ်လို့ ယူဆကြောင်း ပြောခဲ့တာလို့ ဦးမင်းဇော်က ပြောပါတယ်။

လတ်တလောမှာ ယာဉ်လိုင်းတွေလျှော့ချဖို့အတွက် မဖြစ်နိုင်သေးကြောင်း မထသ တာဝန်ရှိသူတွေ ဆွေးနွေးနေ ဆဲဖြစ်ကြောင်းလည်း ဦးမင်းဇော် က ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းမှာ ယာဉ်အစီးရေ ၅ ထောင် ဝန်းကျင်နဲ့ အငှားယာဉ် ၅ သောင်းကျော် ပြေးဆွဲနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။