ရခိုင်ပြည်နယ်အရေး သေချာစွာလေ့လာဖု့ိ ကင်တားနားကို တောင်းဆို
2012.07.30

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက အခုလိုပြောပါတယ်။
"တချို့ အပြည်ပြည်ဆိုင်ရာ သတင်းတွေထဲမှာ သတင်းတွေက ပြောတဲ့နေရာတွေမှာ ဆိုလို့ရှိရင် အရမ်းကို တဘက်စောင်းနင်း ဖြစ်ပြီးတော့မှ ရခိုင်ပြည်နယ်အတွင်းမှာ တကယ့်ကို ဒုက္ခခံစားနေရတဲ့ ရခိုင်တွေ အကြောင်းကို လုံးဝဖော်ပြမထားတဲ့ အချက်တွေကိုလည်း ကျွန်မတို့အနေနဲ့ အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။ အဲတာ အတွက်ကြောင့် ကျွန်မအနေနဲ့ မစ္စတာ ကင်တားနားကို အထူး မေတ္တာရပ်ခံတာက ရခိုင်ပြည်မှာ ဒီဒုက္ခသည် ဖြစ်ပေါ်လာဖို့ရာအတွက် ဘယ်သူတွေက ဒီပြဿနာတွေကို အရင်ဆုံး ဖန်တီးခဲ့သလဲ။ အသေအချာ စီစစ်ပြီးတော့မှ အပြည်ပြည်ဆိုင်ရာက လူတွေသိအောင် သေချာမှန်ကန်တဲ့ Report တစ်ခုထုတ်ဖို့ ကျွန်မ မေတ္တာရပ်ခံထားတာ ရှိပါတယ်"
ဒါ့အပြင် ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင် နယ်စပ်မြို့၃ မြို့မှာ ရခိုင်တိုင်းရင်းသား ဦးရေ နည်းပါးလာနေတာတွေ၊ တခြားလူမျိုးများစွာ အတူနေထိုင်ကြပေမဲ့ ရိုဟင်ဂျာ လူမျိုးများနဲ့သာ အဓိကရုဏ်း ဖြစ်ပွားရတာတွေကို သေချာစွာ စစ်ဆေးပေးဖို့လည်း ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာကို ရခိုင် အမျိုးသမီးများ အစည်းအရုံးက မေတ္တာရပ်ခံ လိုက်ပါတယ်။
ရခိုင်ပြည်သူတွေ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန် ပြောကြားတဲ့ စကားကို အလေးထားသင့်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒီပုမိုနိတို့ရဲ့ စကားတွေကို အလေးထားသင့်ကြောင်း လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ စာရေးသားပေးပို့တာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |