ရခိုင့်ဦးဆောင်ပါတီသစ်မှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေ ပါဝင်မည်


2018.11.12
dr-ayemaung-622.jpg ဒေါက်တာ အေးမောင် ကို စစ်တွေခရိုင် တရားရုံးမှာ ၂၀၁၈၊ နိုဝင်ဘာ ၁၂ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Min Thein Aung/ RFA

ရခိုင့်ဦးဆောင်ပါတီသစ်မှာ တပ်မတော်နဲ့ ရဲအရာရှိ အငြိမ်းစားတွေ၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ဒီနေ့ ပြောပါတယ်။

ပါတီသစ်မှာ အတွေ့အကြုံရှိတဲ့သူတွေ ပါဝင်နိုင်ဖို့ ကြိုတင်ညှိနှိုင်းထားတာဖြစ်တယ်လို့လည်း ဒေါက်တာ အေးမောင်က ဒီနေ့ တရားရုံးချိန်းအပြန်မှာ သတင်းထောက်တွေကို ပြောပါတယ်။

မူလ ရခိုင်အမျိုးသားပါတီ (ANP) ကနေ နုတ်ထွက်လာတဲ့ ဒေါက်တာ အေးမောင်ဟာ ရခိုင့်ဦးဆောင်ပါတီသစ် တည်ထောင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဲဒီပါတီသစ်ကို တည်ထောင်ခွင့်ပြုထားပါတယ်။

ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်ကို ရသေ့တောင်မြို့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲ တစ်ခုကြောင့် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စစ်တွေခရိုင် တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို ပြင်ဆင်မှုတင်သွင်းထားပြီး လာမယ့် နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ်လို့သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။