တည်ဆဲဥပဒေတွေ ပြုပြင်ဖို့ ကင်တားနား တိုက်တွန်း
2011.08.23

AFP PHOTO/POOL/Soe Zeya Tun
အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌနဲ့ လွှတ်တော် ကော်မတီ (၁၂) ခုက ဥက္ကဌတွေနဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ရာမှာ အခုလို တိုက်တွန်းခဲ့တာ
ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ အေးမောင်က
ပြောပါတယ်။
“လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါ။ တည်ဆဲဥပဒေတွေကို ပြုပြင်ပေးဖို့။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လွှတ်တော်က
တတ်နိုင်သလောက် လုပ်ပေးဖို့။ လက်ရှိ ဥပဒေတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍလေးတွေမှာ ပြုပြင် သင့်တဲ့ ဥပဒေတွေကို ပြုပြင်သွားဖို့ ပြောတယ်။
ပြီးတော့ လွှတ်တော် နှစ်ကြိမ် အောင်မြင်စွာ ကျင်းပတာကို ဝမ်းသာတဲ့ အကြောင်းလဲ ပြောပါတယ်”
လွှတ်တော် ခေါင်းဆောင်တွေ ဘက်ကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကော်မတီအပါအဝင် လွှတ်တော် အတွင်း ကော်မတီတွေ ဖွဲ့စည်းထားပြီး
အခြေအနေတွေကို မစ္စတာ ကင်တားနားကို ပြန်လည် ရှင်းပြ ခဲ့ကြတယ်လို့ သိရပါတယ်။
မစ္စတာ ကင်တားနားနဲ့ အမျိုးသားလွှတ်တော် ခေါင်းဆောင်တွေ တွေ့ဆုံပွဲရှိတာကြောင့် မနက်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသားလွှတ်တော်
အစည်းအဝေးကို နေ့လည် တနာရီမှာ ပြောင်းရွှေ့ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အမျိုးသား လွှတ်တော်မှာ ကျန်းမာရေး၊ ပညာရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေ ပြဌာန်းဖို့ မူကြမ်း အဆို တင်သွင်းမှုတွေ ရှိခဲ့ပြီး
သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတွေက ပြန်လည် ရှင်းလင်းခဲ့ကြ တယ်လို့ သိရပါတယ်။
မစ္စတာ ကင်တားနားနဲ့ မြန်မာ လွှတ်တော် ခေါင်းဆောင်တွေ တွေ့ဆုံမှု အပါအဝင် ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း ထားတာ နားဆင် နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |