ဝမ်းရောဂါပံျ့မှု ပြည်မြို့မှာ ထိန်းနိုင်ပြီ


2016.07.27
pyay-diarrhea-620.jpg ၀မ်းပျက်ဝမ်းလျှောရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း ပြည်မြို့ နဝင်းနယ်မြေက ရပ်ကွက်တချို့ကို ဇူလိုင် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ပဲခူးတိုင်း ပြည်မြို့မှာ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့နံှ့မှုကို လက်ရှိအချိန်မှာ ထိန်းချုပ်ထားနိုင်ပြီး လိုအပ်တဲ့ ကာကွယ်ရေး၊ ကုသရေးတွေ ကို ဆောင်ရွက်နေတယ်လို့ ပြည်ခရိုင် ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သာမန် ဝမ်းပျက်ဝမ်းလျှောရောဂါကနေ ကူးစက်မြန်တဲ့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါပိုး ရှိနေတာကို တေ့ွရှိခဲ့ပြီး ခုချိန်မှာ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင် ပြီဖြစ်တယ်လို့ ပြည်ခရိုင် ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်း က ပြောပါတယ်။

"ဝမ်းပျက်ဝမ်းလျှောရောဂါက ခါတိုင်းထက် သိသိသာသာတိုးလာတယ်၊ အဲ့ဒီထဲကမှ အပြင်းအထန် ဝမ်းပျက် ဝမ်းလျှောရောဂါ ပါလာတာပေါ့ဗျာ၊ ခုလက်ရှိအနေအထားက ကျနော်တို့ကို လာကူပေးတဲ့ ရောဂါရှာဖွေရေး အထူးကုဆရာဝန်ကြီးတွေရယ်၊ ပဲခူးတိုင်းဒေသကြီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရယ်၊ လွှတ်တော်ကိုယ်စား လှယ်တွေရယ်၊ ပြည်သူတွေရယ် ပူးပေါင်းပါဝင်ပြီးတော့ ကျနော်တို့ တိုက်ဖျက်နေတယ်၊ ရောဂါထိန်းချုပ် ကာကွယ်တဲ့လုပ်ငန်းတွေ ပိုပြီးတော့ ထိရောက်မြန်ဆန်လာတာကို တွေ့ရတယ်"

နဝင်းနယ်မြေက ရပ်ကွက်တချို့မှာ ရောဂါစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်ခရိုင် ဆေးရုံမှာ အတွင်း လူနာအဖြစ် တက်ရောက်ခဲ့သူ ၁၅၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် အတွင်းလူနာအဖြစ်နဲ့ တက်ရောက်သူ ၃၉ ဦးသာ ကျန်ရှိပြီး ပြင်ပလူနာဌာနမှာ ဆေးကုသသူ ၃၀ နီးပါးရှိခဲ့ပါတယ်။

လက်ရှိမှာ ရောဂါပျံ့နှံ့နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကျန်းမာရေးအသိပညာရေးတာတွေ၊ ကျေးရွာသန့်ရှင်းရေး လုပ်တာတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဆောင် ရွက်နေကြပါတယ်။

လတ်တလော ပြည်မြို့မှာ ဝမ်းနူးစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အသုတ်၊ တုတ်ထိုး စတဲ့ ဈေးဆိုင်တွေကို ယာယီပိတ်သိမ်းခိုင်းထားပြီး စိတ်ချရတဲ့ အနေအထားရောက် မှသာ ပြန်လည်ဖွင့်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ပြည်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်း ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။