အစိုးရသစ် အလိုမရှိကြောင်း ဦးဆောင် ဆန္ဒပြသူ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ

အောင်သိင်္ခ
2021.01.22
အစိုးရသစ် အလိုမရှိကြောင်း ဦးဆောင် ဆန္ဒပြသူ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၂၀၂၀ ဇန်နဝါရီလ ၂၂ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲကို တွေ့ရစဉ်
ဓါတ်ပုံ - မျိုးဝင်း (မြဝတီ)

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို မဖြေရှင်းဘဲ လွှတ်တော်သစ်ခေါ်တာ၊ မဲမသမာမှုတွေနဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရသစ် အလိုမရှိကြောင်း ဒီနေ့ ကရင်ပြည်နယ် မြဝတီမြို့မှာ လူ ၁၀ ယောက်ကျော်က ကူးစက်ရောဂါကာကွယ်ရေး ဝတ်စုံ (PPE) ဝတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီထဲက ဦးဆောင်သူတစ်ဦးကို မြဝတီမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူလိုက်တာဖြစ်ပါတယ်။

ထောက်ခံပွဲမှာပါဝင်သူတွေက ရွေးကောက်ပွဲမဲစာရင်းကိစ္စတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ တပ်မတော်ကို ထောက်ခံကြောင်း၊ မဲမသမာမှု ကိစ္စရပ်တွေကို အမှန်တရားပေါ်ဖို့ တပ်မတော်က အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ဆိုတဲ့ အချက်တွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ပြည်ထောင်စု တရားသူကြီးချုပ်က နိုင်ငံတော်ကို ကယ်တင်ပေးဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်နေသူတွေကို တပ်မတော်အနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့၊ ရွေးကောက်ပွဲဆိုင်ရာပြဿနာ မရှင်းဘဲ လွှတ်တော်ခေါ်တာကို လက်မခံကြောင်းနဲ့ မဲမသမာမှုတွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်နဲ့ ဖွဲ့စည်းထားတဲ့ အစိုးရ အလိုမရှိဘူးဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တိုင်းအတွ၍်းမှာလည်း နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနောက်ပိုင်း ကျောက်တံတား၊ ကမာရွတ်၊ ဗဟန်း၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ သံလျင်၊ မရမ်းကုန်း၊ အရှေ့ဒဂုံနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ရွေးကောက်ပွဲကိစ္စ ဆန္ဒပြခဲ့ကြသူတွေထဲက ၃၀ ကျော်ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အရ ပြစ်မှုထင်ရှားရင် အများဆုံးထောင်ဒဏ် သုံးလအထိ ကျခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။