ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို တစ်ပြည်လုံးမှာ ကန့်ကွက်သွားမယ်လို့ USDP ပြော
2019.06.29

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ကန့်ကွက်ရှုတ်ချတာတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးလုပ်ဆောင်သွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ရုံးမှာ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမူကြမ်းမှာ လိုအပ်ချက်တွေရှိနေသေးတာမို့ ပြန်လည်ပြင်ဆင်ပေးဖို့အတွက် အခု လိုကန့်ကွက်ရတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း နေပြည်တော်မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ပွဲကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကျင်းပ ခဲ့ပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)