စွမ်းအင်စက်ရုံစီမံကိန်း တည်ဆောက်ရေး ဆားဘီးယား ကုမ္ပဏီများကို ငှားရမ်းလို


2014.11.30

မြန်မာအစိုးရဟာ ရေအားလျှပ်စစ်စက်ရုံ၊ အပူရှိန်သုံး ဓါတ်အားပေးစက်ရုံနဲ့ တခြားစွမ်းအင်စက်ရုံစီမံကိန်းတွေ တည်ဆောက်ရေးအတွက် ဆားဘီးယား နိုင်ငံက ကုမ္ပဏီတွေကို ငှားရမ်းအကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေ တယ်လို့ ဆားဘီးယား စွမ်းအင်နဲ့ သတ္တုရေးရာဝန်ကြီး Aleksander Antic က ပြောကြားလိုက်ပါတယ်။

မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးနဲ့ သောကြာနေ့က တွေ့ဆုံအပြီး ဆားဘီးယား စွမ်းအင်ဝန်ကြီးက အခုလို သတင်းထောက်တွေကို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆားဘီးယားကုမ္ပဏီတွေ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတန်ဖိုး ပမာဏစုစုပေါင်းဟာ ပထမအဆင့်မှာ ယူရိုငွေ သန်း ၁၂၀ လောက်အထိ ရှိလာမယ်လို့ ဆားဘီးယား စွမ်းအင်ဝန်ကြီးက ပြောပါတယ်။

လောလောဆယ်မှာ ဆားဘီးယား ကုမ္ပဏီတစ်ခုဟာ ၁၅၂ မိုင်ရှည်တဲ့ ဓါတ်အားလိုင်းတစ်ခုကို မြန်မာနိုင်ငံမှာ တည်ဆောက်နေပြီဖြစ်ပြီး၊ စုစုပေါင်း မိုင် ၂ဝဝ လောက်ရှိမယ့် နောက်ထပ် ဓါတ်အားလိုင်းနှစ်ခုကိုလည်း မကြာခင် စတင်တည်ဆောက်တော့မယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တခြားစီးပွားရေးကဏ္ဍတွေနဲ့ ပညာရေးတို့မှာလည်း ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း၊ ဆားဘီးယားးနိုင်ငံက တက္ကသိုလ်တွေမှာ သိပ္ပံနည်းပညာရပ်တွေ ဆည်းပူးနိုင်အောင် မြန်မာ ကျောင်းသားတွေ ကို စေလွှတ်ဖို့ ဆန္ဒရှိကြောင်း မြန်မာဝန်ကြီးက ထုတ်ဖော်ပြောကြားတယ်လို့ ဆားဘီးယား စွမ်းအင်ဝန်ကြီး က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။