ပြည်ခရိုင် နိုင်/ကျဉ်းဟောင်းများအဖွဲ့ ဖွဲ့စည်း

ပဲခူးတိုင်း၊ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမအကြိမ် တွေ့ဆုံပွဲကို ပြည်မြို့က (Happy mark) စာအုပ်ဆိုင်မှာ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။

2012.09.30

အဲဒီ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကို ကော်မတီလေးရပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း (၅၀) ကျော်နဲ့ ဖွဲ့စည်းလိုက်ပြီး တစ်နိုင်ငံလုံးက မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လွတ်မြောက်ဖို့အတွက် ရန်ကုန်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ခရိုင် နိုင်/ကျဉ်းအဖွဲ့ဝင် ကိုကျော်ဆန်းက RFA ကိုပြောပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှာ ပြည်၊ သဲကုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်နဲ့ ပတ်ဝန်းကျင် ဒေသတွေက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ခဲ့ကြပြီး အဲဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို အပါအဝင် ကျောင်းသား (၇) ဦးလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။