မတ္တရာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဆယ်ဦးကျော် သေဆုံးကြောင်း NUG ထုတ်ပြန်

RFA Burmese
1924.02.01
မတ္တရာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဆယ်ဦးကျော် သေဆုံးကြောင်း NUG ထုတ်ပြန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားစဉ်။
ဓာတ်ပုံ - အမှတ်-၁ စစ်ဒေသ/ Facebook

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ခြေမြန်တပ်ရင်း ခမရ- ၇ဝ၁ က ဗိုလ်မှူးကျော်ဇေယျ ဦးဆောင်တဲ့ စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့တယ်လို့ နိုဝင်ဘာ ၂၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။

အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၉၁ဝ) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကနေ ထွက်လာတဲ့တပ်ရင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာအရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူးရဲ့ကွပ်ကဲမှုနဲ့  အမှတ် (၅၁ဝ) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ် ပကဖပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့လည်း ရေးသားထားပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သားတွေ သေဆုံးတာနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာ ၁၇ ရက်နေ့မှာပဲ စစ်ကောင်စီဘက်က လေယာဉ်နဲ့ပစ်ခတ်တာ၊ ဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။