ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းသစ် ဆွေးနွေးတိုင်ပင်မယ်
2011.11.24

NLD
အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းအသစ် စပ်ဆိုဖို့ ဂီတပညာရှင်တွေ ဖြစ်ကြတဲ့ မစ္ဇျိမလှိုင်း ကိုရဲလွင်၊ ကိုသားထွေး ၊ ဆောင်းဦးလှိုင်နဲ့ အခြားဂီတ ပညာရှင်တွေအပြင် အဆိုတော်တွေဖြစ်ကြတဲ့ အနဂ္ဂ၊ သံသာဝင်း၊ မီးမီးခ၊ဲ ထူးအယ်လင်းနဲ့ တခြား အဆိုတော်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
၁၉၉၀ မေလ ရွေးကောက်ပွဲ ကာလတုန်းက အင်န်အယ်လ်ဒီ ပါတီရဲ့ “စုနိုင်မှ ချမ်းသာမည်” ဆိုတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်း နာမည်ကြီးခဲ့ပါတယ်။