မူးယစ်ဆေးဝါးနဲ့ အဂတိကင်း စင်အောင် ဆောင်ရွက်သွား မယ်လို့ မွန်ဝန်ကြီးချုပ်အသစ် ကတိပေး


2017.03.01
dr-ayezan-speech-620.jpg မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံ မတ်လ ၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်တွင် မိန့်ခွန်းပြောကြားနေစဉ်
Photo: Kyaw Lwin Oo/ RFA

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ဒေါက်တာအေးဇံက ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ အဂတိတရားကင်းစင်အောင် ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ကတိပေးပြောကြားသွားပါတယ်။

ဒေါက်တာ အေးဇံ က မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြောကြား ခဲ့တာဖြစ်ပါတယ်။

"မူူးယစ်ဆေးဝါးပြဿနာတွေ ရာဇဝတ်မှုတွေ လောင်းကစားအမှုတွေ ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကိုင်တွယ်မှာဖြစ်ကြောင်း ဒီနေရာကနေ အသိပေးပြောကြားလိုပါတယ်"

ကျန်တဲ့ သက်တမ်း ၄ နှစ်အတွင်း လွှတ်တော်နဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူအခြေပြုတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အရပ်ဖက်အဖွဲ့တွေ၊ ပါတီဝင်တွေ၊ ဘာသာရေးခေါင်ဆောင်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ် လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေါက်တာအေးဇံဟာ ဝန်ကြီးချုပ်တာဝန်တစ်ခုတည်းကိုသာ ဆောင်ရွက်သွားမှာဖြစ်ပြီး လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေကို သင့်တော်သူတွေကို ပေးအပ်သွားမယ် လို့ ပြောခဲ့ပါတယ်။

လက်ရှိအငြင်းပွားနေတဲ့ မော်လမြိုင်-ချောင်းဆုံကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ တံတားအမည်ပေးရေးကိစ္စကို ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်ပြီး ညှိနှိုင်းဆောင်ရွက်သွားဖို့ိုလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်ထွက်ပြီးတဲ့နောက် လစ်လပ်နေတဲ့ ဝန်ကြီးချုပ်ရာထူးကို နိုင်ငံတော် သမ္မတက ဒေါက်တာအေးဇံကို အဆိုပြုရာ လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးဇံဟာ မုဒုံဇာတိဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ဗဟိုအလုပ်မှုဆောင်အဖြစ် ဆောင် ရွက်ခဲ့သူဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ကျိုက်ထိုမဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင် ရရှိခဲ့သူဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြိုနယ်အမှတ်၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံခဲ့ရပြီး မွန်ပြည်နယ်လွှတ်တော်မှာ ဘဏ္ဍာရေး၊ စီမံကိန်း စီးပွားရေးကော်မတီနဲ့ သဘာဝပတ်ဝန်းကျင် လေ့ လာစောင့်ကြည်ရေးကော်မတီ နှစ်ခုရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဝန်ကြီးချုပ်နဲ့ ပြည်နယ် ဝန်ကြီးဌာန ၂ ခုရဲ့ ဝန်ကြီးအဖြစ်ကနေ နှုတ်ထွက်ကြောင်း စာတင်ခဲ့ပြီး နိုင်ငံတော်သမ္မတက ၂၃ ရက်နေ့ မှာ နှုတ်ထွက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။