နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွား


2013.08.05

နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဘောလုံးပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့အတွက် အချိန်မစေ့ခင် ပွဲရပ်ဆိုင်းခဲ့ရတယ်လို့ AFP သတင်းကဖော်ပြပါတယ်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရဲ့ ပထမဆုံးကစားပွဲအဖြစ် နေပြည်တော် ဘောလုံးအသင်းနဲ့ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲကို ပရိသတ် နှစ်သောင်းလောက် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ကစားနေကြစဉ်အတွင်း၊ ရန်ကုန်အသင်းက တစ်ဂိုးစရချိန်မှာ ပရိသတ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

အရက်မူးနေတဲ့ ပရိသတ်တချို့က အော်ဟစ်ဆဲဆိုပြီး ထိုင်ခုံတွေ ရိုက်ချိုးဖျက်ဆီးခဲ့ကြကြောင်း၊ ဒါ့ပြင်တချို့က ကွင်းထဲအထိ ဆင်းလာခဲ့ကြတဲ့အတွက် အခြေအနေ မထိန်းနိုင်အောင်ဖြစ်သွားခဲ့ရကြောင်း၊ ဒါကြောင့်ပွဲ ပထမပိုင်းမပြီးခင်မှာပဲ ကစားပွဲကို ရပ်ဆိုင်းလိုက်ရကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးစိုးမိုး က ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

အားကစားကွင်း ထိုင်ခုံပေါင်း ၁၅၀ လောက်ပျက်စီးသွားခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူတော့မရှိဘူးလို့ သိရပါတယ်။ ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။