နာဂစ်မုန်တိုင်း (၈) နှစ်ပြည့် လပွတ္တာမှာ ဆုတောင်းပွဲလုပ်


2016.05.02
nargis-victims-620.jpg ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အမိုးအကာမဲ့အိမ်တွင် ဒုက္ခသည်မိသားစုကို တွေ့ရစဉ်
AFP

နာဂစ်မုန်တိုင်းတိုက်ခတ်မှု (၈) နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ နယ် ပြင်စလူကျေးရွာက မြို့နယ်သာသနာ့ဗိမ္မာန် အဆောက်အဦးမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဒီနေ့ ကျင်းပကြပါတယ်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားသူတွေအတွက် အမျှပေးဝေတာဖြစ်တယ်လို့ လပွတ္တာမြို့အခြေစိုက် ပညာရေးလေ့လာသင်ကြားမှုအသင်းက ဦးပြုံးချိုက ပြောပါတယ်။

"ကျနော်တို့မြို့တွေဆိုရင် နာဂစ်မှာ အသေအပျောက် အများဆုံးဖြစ်ခဲ့ပါတယ်၊ အဲ့လိုသေဆုံးသွားသူတွေ ကောင်း မွန်ရာရောက်ပါစေဆိုပြီး သူတို့အတွက် အလှူအတန်း အမျှပေးဝေခြင်းလုပ်ငန်းကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြ တာပါ၊ မိသားစုတွေကတော့ အခုအချိန်အထိ အခြေတကျမဖြစ်သေးတဲ့ လူတွေအတွက် နေရာသတ်သတ်မှတ် မှတ်နဲ့ အတည်တကျဖြစ်သွားစေဖို့ နောက်သူတို့ရဲ့ လူမှုစီးပွားရေးလေးတွေကို ပြေပြေလည်လည်ဖြစ်အောင် ဖေး မကူညီစောင့်ရှောက်ဖို့ အဲ့လိုစောင့်ရှောက်ခြင်းအားဖြင့် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေကိုလည်း ကျနော် တို့ ပြန်လည်မြှင့်တင်ပေးနိုင်မယ်လို့ ကျနော်တို့ယူဆပါတယ်"

လပွတ္တာမြို့နယ်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိမ်ယာပျက်စီးသွားတဲ့ အိမ်ထောင်စု ၁၀၀ ကျော်အတွက် လပွတ္တာမြို့ပြင်ဘက်မှာ နေရာချထားပေးပေမယ့် သူတို့ရဲ့ ဘဝအာမခံချက်တွေ၊ အလုပ်အကိုင်တွေအတွက် အခက်အခဲဖြစ်နေကြတယ်လို့လည်း  ပြောပါတယ်။

အဲ့ဒီနှစ်ပတ်လည် ဆုတောင်းပွဲကို ပညာပါရမီ၊ ပညာရေးလေ့လာသင်ကြားမှုအသင်း၊ နှလုံးသားကျန်း မာရေး စောင့်ရှောက်မှုအဖွဲ့၊ ကရုဏာမျက်ဝန်းနဲ့ လယ်သမားသမဂ္ဂအဖွဲ့တွေ အပါအဝင် လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့ က စုပေါင်းကျင်းပခဲ့တာဖြစ်ပြီး လူဦးရေ ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူဦးရေ တစ်သိန်း သုံးသောင်းကျော် သေဆုံးပြီး မုန်တိုင်းဒဏ်သင့်သူ လူဦးရေ ၁၁ သန်းရှိခဲ့ပါတယ်။ အိမ်ယာပေါင်း ၇ သိန်းလောက် ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တစ်သန်းကျော်ရှိခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။