မြစ်ဆုံစီမံကိန်းဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ စာမေးပွဲလို့ ကန် သတင်းစာရေး
2017.04.01

တရုတ်အစိုးရပိုင် ကုမ္ပဏီကို မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်တည်ဆောက်ခွင့်ပေးမှာလား ဆိုတာဟာ မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်စရာကောင်းတဲ့ စာမေးပွဲတခုပဲလို့ New York Times နယူးယောက်တိုင်းမ်သတင်းစာရဲ့ အာရှ ပစိဖိတ် ကဏ္ဏမှာ မနေ့က ဆောင်းပါး တပုဒ် ရေးသားထားပါတယ်။ အဲဒီဆောင်းပါးမှာ မြစ်ဆုံ ရေကာတာစီမံကိန်းကြောင့် နေရပ်ဌာနေကို စွန့်ခွာခဲ့ရတဲ့ဒေါ်ကောဘူဆိုတဲ့ တိုင်းရင်းသူတဦးက သူ့ဇာတိနေရပ်မှာ ပြန်လည် အခြေချခွင့်ရဖို့ဘုရားသခင်ထံ ဆုတောင်းနေကြောင်း၊ သူမအနေနဲ့ အဲဒီလို ပြန်ခွင့်ရမှာလားဆိုတာကိုအစိုးရတာဝန်ပေးခဲ့တဲ့ မြစ်ဆုံရေကာတာ လေ့လာစုံစမ်းရေး ကော် မရှင်ရဲ့ အစီရင်ခံစာမကြာခင် ထွက်လာတဲ့အခါ သိရတော့မှာ ဖြစ်ကြောင်း စသဖြင့် ရေးသားထားပါတယ်။
ကန် ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံစီမံကိန်းကို သမ္မတ ဦသိန်းစိန်က၂ဝ၁၁ ခုမှာ ရပ်ဆိုင်းခဲ့ပါ တယ်။ အဲဒီရေကာတာကို အခု ပြန်လည် တည်ဆောက်ခွင့်ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လူထု ရဲ့ ဒေါသအမျက်ကိုရင်ဆိုင်ရမှာဖြစ်သလို အပြီးအပိုင် ရပ်ဆိုင်းလိုက်မယ်ဆိုရင်လည်း တရုတ်အစိုးရရဲ့ငြိုငြင်မှုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာမှာဆောင်းပါးရှင် Mike Ives မိုက်အိဗ်စ် က ရေးသား ထားပါတယ်။