မြန်မာကိုယ်စားပြု အိုလံပစ် အားကစားပြိုင်ပွဲ ဝင်ခဲ့သူတွေကို ပြင်သစ်သံရုံး ဂုဏ်ပြု

RFA Burmese
2024.08.01
မြန်မာကိုယ်စားပြု အိုလံပစ် အားကစားပြိုင်ပွဲ ဝင်ခဲ့သူတွေကို ပြင်သစ်သံရုံး ဂုဏ်ပြု ၂ဝ၂၄ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲအတွင်း မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေသည့် အားကစားသမားနှစ်ဦးနှင့် နည်းပြများ။
Thiha Aung

မြန်မာနိုင်ငံကိုယ်စားပြုပြီး အိုလံပစ် အားကစားပြိုင်ပွဲ ပါဝင်ခဲ့သူတွေကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ချီးကျူးဂုဏ်ပြုကြောင်း ဩဂုတ်လ ၁ ရက်နေ့မှာ ပြောပါတယ်။

ကြက်တောင်အားကစားမယ် သက်ထားသူဇာနဲ့ ရေကူးသမား ဘုန်းပြည့်ဟန် အပါအဝင် သူတို့ရဲ့ နည်းပြတွေကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ် အားကစားပြိုင်ပွဲအတွင်း မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားနှစ်ဦးဟာ ဇူလိုင်လ ၃၀ ရက်က ပွဲစဉ်တွေရှုံးပြီး ပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရတာပါ။

အမျိုးသမီးတစ်ယောက်ချင်း ကြက်တောင်ရိုက်အားကစား အုပ်စုပွဲစဉ်မှာ သက်ထားသူဇာဟာ ဂျပန်၊ ကနေဒါနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး၊ ဂျပန်နဲ့ ကစားရာမှာ ၁၂-၂၁၊ ၁ဝ-၂၁ ရမှတ် ကနေဒါနဲ့ ကစားတဲ့ပွဲမှာ ၂၁-၂၅၊ ၁၆-၂၃ မှတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား မီတာ ၁ဝဝ အလွတ်ကူးပြိုင်ပွဲမှာတော့ ရေကူးအားကစားသမား ဘုန်းပြည့်ဟန်ဟာ အသုတ်လိုက်ခွဲပြိုင်ချိန်မှာ ဒုတိယရခဲ့ပေမဲ့ အသုတ်အားလုံးပေါင်းတဲ့ထဲမှာ နံပါတ် ၇၃ ပဲရပြီး ပြိုင်ပွဲကနေ ထွက်ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။