မြန်မာနဲ့ အာဆီယံနိုင်ငံတချို့အတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက် ဟောင်ကောင် ဖြေလျှော့

RFA Burmese
2024.10.17
မြန်မာနဲ့ အာဆီယံနိုင်ငံတချို့အတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက် ဟောင်ကောင် ဖြေလျှော့ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ဂျွန်လီ ဥပဒေပြုကောင်စီတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့က တတိယအကြိမ်မြောက် မူဝါဒရေးရာ မိန့်ခွန်းပြောကြားနေစဉ်။
Xinhua/Chen Duo

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားမှုအတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီ (John Lee) ကပြောကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက အောက်တိုဘာ ၁၆ ရက်နေ့မှာ ဖော်ပြပါတယ်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ဂျွန်လီက ဥပဒေပြုကောင်စီမှာ တတိယအကြိမ် မြောက် မူဝါဒရေးရာ မိန့်ခွန်းပြောကြားချိန်မှာ အခုလိုထည့်သွင်းပြောကြားခဲ့တာလို့ ဆိုပါတယ်။

ဖော်ပြပါနိုင်ငံတွေရဲ့ ဆိုက်ရောက်ဗီဇာ သက်တမ်းကိုလည်း နှစ်နှစ်ကနေ သုံးနှစ်ကို တိုးမြှင့်ပေးသွားမယ်လို့ ဂျွန်လီ က ပြောပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်တဲ့အနေနဲ့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဟောင်ကောင်အစိုးရအာဏာပိုင်တွေအနေနဲ့ ပြည်တွင်းခရီးသွားအေဂျင်စီတွေကတစ်ဆင့် အာဆီယံနိုင်ငံတွေက အစုအဖွဲ့လိုက် လည်ပတ်သူတွေရဲ့ ဗီဇာလျှောက်ထားမှုတွေကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးသွားမယ်လို့ ဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။