မြန်မာ့အလင်း တိုင်းရင်းသားဘာသာအချပ်ပို ထုတ်ဝေမည်
2014.08.02

လာမယ့် သြဂုတ်လ ၃ ရက် မနက်ဖြန်ကစပြီး နိုင်ငံပိုင် သတင်းစာဖြစ် တဲ့ မြန်မာ့အလင်းမှာ မွန်၊ စကောကရင်၊ ပိုးကရင်နဲ့ ပအိုဝ်း တိုင်းရင်းသား ဘာသာစကားလေးမျိုး နဲ့ အချပ်ပို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေသွား မယ်လို့ သိရပါတယ်။
ဒီတိုင်းရင်းသားဘာသာတွေနဲ့ သတင်းစာအချပ်ပိုတွေမှာ ထုတ်ဝေမယ့်အကြောင်းကို မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာဦးတိုးတိုးအောင် က အခုလိုပြောပါတယ်။
"သတင်းစာမှာ အချပ်ပို ၄ မျက်နှာပေါ့၊ ကရင်က ၂ မျက်နှာ ပိုးနဲ့ စကော၊ မွန်က ၁ မျက်နှာ၊ ပအိုဝ်းက ၁ မျက်နှာ၊ တစ်ပတ်တစ်ရက်ကတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းထုတ်ဖို့ ကျနော်တို့ ပထမ မှန်းထားတယ်၊ မနက်ဖြန်ထုတ်မယ်"
အဲဒီတိုင်းရင်းသား ဘာသာလေးမျိုးနဲ့ သတင်းစာအချပ်ပိုမှာထုတ်ဝေမယ့် တိုင်းရင်းသားသတင်းတွေ ကို ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မော်လမြိုင်ဌာနခွဲမှာ ရိုက်နှိပ်ထုတ်ဝေမှာလို့ သိရပါတယ်။
ဒီတိုင်းရင်းသာဘာသာလေးမျိုးနဲ့ ထုတ်ဝေတဲ့သတင်းစာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ဖြန့်ချီသွားမယ့်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မွန်စာပေသင်ကြားရေးနဲ့ ပတ်သက်ပြီး အဓိကလုပ်ဆောင်နေတဲ့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကိုအောင်နိုင်ဦးကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။