အပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီက ရှင်းလင်း


2014.09.01
nmsp-b305 ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မော်လမြိုင်မြို့တွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနေစဉ်
Photo: RFA

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတဲ့ အခြေအနေတွေကို မွန်ပြည်သစ် ပါတီက ဒီနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက မော်လမြိုင် မြို့နယ် ဒေသဖွံ့ဖြိုးရေးတာဝန်ခံ နိုင်အန်န်စိုက်ချမ်းက အခုလို ပြောပါတယ်။

"တစ်ပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးပွဲ လုပ်နေတဲ့ NCCT နဲ့ ကျနော်တို့ရဲ့ လုပ်ငန်းကော်မ တီ ဆွေးနွေးပွဲရလာဒ်တွေ ပြည်သူလူထုကို ပြန် ရှင်းပြတာ၊ အဲဒီ့အပေါ်မှာ ပြည်သူလူထုအနေနဲ့ ဘာတွေအကြံဉာဏ်ပေးနိုင်မလဲ၊ ဘယ်လိုမေးခွန်း ထုတ်မလဲ အဲဒီ့အပိုင်းကတစ်ပိုင်း၊ နောက်တစ်ပိုင်းက ကျနော်တို့ မွန်ပြည်သစ်ပါတီအပေါ် ဘာတွေအကြံ ဉာဏ်ပေးနိုင်မလဲ၊ ပြည်သူဆီက အကြံပြုချက်တွေကို ကျနော်တို့ကလိုချင်တယ်၊ နောက်ကျနော်တို့ အောက်ခြေ အဆင့်ကလူတွေက ဘယ်လိုအခြေအနေရှိလဲ၊ ဘာတွေပြောချင်လဲ၊ တချို့ကအကောင်အထည်ဖော်တဲ့နေရာမှာ လွဲမှားတာတွေရှိတယ်၊ အဲဒါကိုပြန်ပြီးတော့ ထောက်ပြဖို့ အဲဒီ့အချက်တွေကို ကျနော်တို့က ရှင်းလင်းပွဲလုပ်တာ"

တွေ့ဆုံပွဲ တက်ရောက်လာသူတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်လိုကြောင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို မွန်ပြည်နယ်အခြေစိုက် စေတနာဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်း၊ မွန်အမျိုးသားပါတီ၊ မွန်အမျိုးသမီးအဖွဲ့၊ မွန်လူငယ်များအဖွဲ့၊ မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့စတဲ့ အဖွဲ့အစည်း ၂၀ ကျော်က ကိုယ်စားလှယ် ၃၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။