ဒေါက်တာသန်းထွဋ်အောင်ကားကို လူဆိုးတွေ တိုက်ခိုက်


2015.07.15
eleven-attack-620.jpg ကုန်းသီးနဲ့ အတိုက်ခိုက်ခံရတဲ့ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ကားကို ဇူလိုင်လ ၁၄ ရက်နေ့ က တွေ့ရစဉ်
Photo: ELEVEN MEDIA GROUP Facebook

Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ကားကို အမည်မသိ လူရမ်းကားအုပ်စုတစ်စုက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနဲ့ မင်းလမ်းထောင့်မှာ မနေ့ညနေ ၆ နာရီလောက်က သံမူလီတွေနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် ကားမှန်နဲ့ ကိုယ်ထည်တွေထိခိုက်သွားပါတယ်။

ဒေါက်တာသန်းထွဋ်အောင်တော့ တစုံတရာ ဒဏ်ရာရတာမရှိဘူးလို့ Eleven Media အယ်ဒီတာချုပ် ဦးဝေဖြိုးက RFA ကိုပြောပါတယ်။ ဒါ့အပြင် တိုက်ခိုက်သူတွေ စီးပြီးထွက်ပြေးသွားတဲ့ ကားနံပါတ်ကို ပတ်ဝန်းကျင် ပြည်သူတွေက မှတ်မိလိုက်တဲ့အတွက် သက်ဆိုင်ရာက အဲဒီကားနဲ့ယဉ်မောင်းသူကိုဖမ်းမိထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Eleven Media အယ်ဒီတာချုပ် ဦးဝေဖြိုးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။