ရိုက်တာသတင်းထောက်တွေအမှု ရှုထောင့်ပေါင်းစုံက စဉ်းစားဖို့ လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း


2018.09.05
yulwinaung-mnhrc-622.jpg မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာကို ပြည်တွင်း၊ ပြည်ပတွင် ဝေဖန်မှုများ ရှိနေတာကြောင့် အမှုကို ရှုထောင့်ပေါင်းစုံက စဉ်းစားဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးယုလွင်အောင်က အခုလို ပြောပါတယ်။

"ကျနော်တို့ကတော့စောင့်ကြည့်မှာပါ လေ့လာမှာပါ၊ အမြဲတမ်းလည်း ဖုန်းနဲ့ဆက်မေးတာမျိုး၊ လူကိုယ်တိုင်အနေနဲ့ ကျနော်တို့ဆီက ဒါရိုက်တာအဆင့်ရှိသူတွေ သွားရောက်လေ့လာခိုင်းတာတွေ လုပ်နေပါတယ်ခင်ဗျာ၊ မိသားစု ကိုလည်း ကိုယ်ချင်းစာပါတယ်ခင်ဗျာ၊ အားလည်းပေးပါတယ်၊ စိတ်ဓာတ် မကျဖို့၊ စိတ်မညစ်ဖို့ အားပေးပါတယ်၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်လာအောင်လည်း ကျနော်တို့က တိုက်တွန်းပါတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့် ချခဲ့တာပါ။

အမိန့်ချအပြီး ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့က အယူခံဆက်လက်ဝင်မယ်လို့ ပြောဆိုခဲ့ကြပြီး သူတို့ရဲ့ရှေ့နေတွေက လည်း အယူခံဆက်လက်ဝင်ဖို့ ပြင်ဆင်နေကြပါတယ်။

ကော်မရှင်အနေနဲ့ တရားရုံးရဲ့ အခုလို အမိန့်ချမှတ်တာကို ကော်မရှင်ဥပဒေအရ တစ်စုံတစ်ရာ မှတ်ချက်ပြုဖို့မရှိဘူး လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။