သတင်းကွန်ရက် အစိုးရကို ကန့်ကွက်


2015.03.15
myanmar-journalists-network-b305 လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ် ကွန်ရက် MJN ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံတွင် အဖွဲ့ကော်မတီရွေးချယ်ရေးအတွက် မဲထည့်နေကြစဉ်။
Courtesy of MJN

အခုသတင်းပတ်တွေအတွင်း ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ အလုပ်သမားဆန္ဒပြပွဲ၊ မြို့တော်ခန်းမရှေ့က ကျောင်း သားသပိတ် ထောက်ခံဆန္ဒပြပွဲနဲ့၊ လက်ပံတန်းမြို့ က ကျောင်းသားဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အာဏာပိုင်နဲ့ စွမ်းအားရှင်တွေ က သိလျက်နဲ့ ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ အတွက် မြန်မာ့သတင်းသမားများကွန်ရက် MJN က မနေ့က ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။

ဒီအတွက် ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ သမ္မတ ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့  ပြန်ကြားရေးဝန်ကြီး ဌာနတို့နဲ့ ပတ်သက်တဲ့သတင်းတွေကို ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ ရက်အကန့်အသတ် တစ်ခုသတ်မှတ်ပြီး ဖော်ပြခြင်းမပြုပဲ၊ ဘာကြောင့် မဖော်ပြလဲ ဆိုတဲ့အကြောင်းကို ရှင်းပြတဲ့စာသားကိုပဲ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ပြီး မတ်လ ၂၇ နေ့ကနေ ၂၉ ထိ ရန်ကုန်မြို့မှာ  International Press Institute က ကျင်းပမယ့် ညီလာခံကို မြန်မာသတင်းသမားတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ သတင်းစာတွေ၊ ဂျာနယ်တွေမှာ အစိုးရဆိုင်ရာသတင်းတွေ မဖော်ပြဘူးဆိုတဲ့အပေါ် မှတ်ချက်ပေးစရာမရှိသလို၊ အစိုးရသတင်းတွေကို နိုင်ငံပိုင်မီဒီယာတွေကနေ ဆက်လက်ဖော်ပြသွားမှာဖြစ်ပြီး၊ နိုင်ငံတကာသတင်းညီလာခံကို မတက်ဘဲ သပိတ်မှောက်တာဟာ အစိုးရနဲ့ ဝန်ကြီးဌာနတွေကို ထိခိုက်စရာမရှိဘူးလို့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာ မှာရေးသားဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။