တစ်ပြည်လုံးမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွ့ဲစည်းမည်
2019.06.21

ပြည်နယ်တိုင်းဒေသကြီးအလိုက် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတွေ တိုးချဲ့ဖွ့ဲစည်းသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
ဒီကနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါက်တာဇော်မြင့်မောင် က ပြောကြားခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းဖို့ ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေး ပထမနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။