မော်ချီးဒေသခံတွေ နေ ထိုင်ရေး မြေကွက်တွေပေး
2016.06.30

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးမှာ မြေပြိုနိုင်တဲ့အန္တရာယ်တွေကြောင့် ဒေသခံ ၅ဝဝ ကျော် ပြောင်းရွှေ့နေထိုင်ဖို့ ပြည်နယ်အစိုးရက ဒီနေ့ ပေ ၆ဝ ပတ်လည်ရှိတဲ့ မြေကွက် ၁၅ဝ ကျော် လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။
ကယားပြည်နယ် ဖားဆောင်းမြို့ မြို့တော်ခန်းမမှာ အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပြီး မော်ချီးဒေသ လေးထပ်ကွေ့ ဆိုတဲ့နေရာမှာ မြေကွက်တွေကို ပေးလိုက်တာဖြစ်တယ်လို့ ကယားပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ် က ပြောပါတယ်။
"မြေကွက် ၁၅၂ ကွက်၊ ၆ဝ ပတ်လည် လေးထပ်ကွေ့မှာ၊ အန္တရာယ်ဖြစ်တဲ့လူတွေကို နေရာရအောင် အစားထိုးတာ"
မော်ချီးဒေသမှာ ပြီးခဲတဲ့၂ဝ၁၅ ခုနှစ် အောက်တိုဘာလက မြေပြိုကျခဲ့ပြီး လူအယောက် သုံးဆယ် လောက် သေဆုံး ခဲ့ပါတယ်။
ဘူမိဗေဒပညာရှင်တွေရဲ့ တိုင်းတာချက်အရ မော်ချီးဒေသ ရတနာအောင်မြေ၊ ၁၅ ရပ်ကွက်၊ ဇီးပင်ကွေ့ ၊ အောင်ချမ်းသာ၊ ၁၃ ကုန်း စတဲ့ရပ်ကွက်တွေနဲ့ KB1 ခဲသတ္တုတူးဖော်ရေး လုပ်ကွက်သွားတဲ့ လမ်းနေရာတွေကို အန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။
ဒီကနေ့ အခမ်းအနားကို ကယားပြည်နယ် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ဦးဆောင်တဲ့ ကယားပြည် နယ်အစိုးရအဖွဲ့၊ ဖားဆောင်းမြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့မော်ချီးဒေသက မြေပြိုမှုအန္တရာယ်ဇုံ မှာကျရောက်နေတဲ့ ဒေသခံ ၁ဝဝ လောက် တက်ရောက်ခဲ့ပါတယ်။
မော်ချီးဒေသ ခဲသတ္တုလုပ်ကွက်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ ရဲထွဋ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ က အဓိကလုပ်ကိုင်နေတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ပုဂ္ဂလိက ကုမ္ပဏီတချို့လည်း လုပ်ကိုင်နေ တာ ဖြစ်ပါတယ်။