မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ ဗြိတိန် လက်လီကုမ္ပဏီ ကြေညာ

2022.10.13
မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ ဗြိတိန် လက်လီကုမ္ပဏီ ကြေညာ လန်ဒန်မြို့ရှိ Marks & Spencers ဆိုင် မျက်နှာစာကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတဲ့ အင်္ဂလန်အခြေစိုက် Marks & Spencer လက်လီကုမ္ပဏီဟာ မြန်မာနိုင်ငံက တာဝန်သိစွာ ထွက်ခွာဖို့ စီစဉ်နေတယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

အဝတ်အထည်၊ အလှကုန်၊ အိမ်သုံးပစ္စည်းနဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Marks & Spencer ဟာ ကုန်သွယ်ရေးဆိုင်ရာ ကျင့်ဝတ်စောင့်ကြည့်ရေးအဖွဲ့ (ETI) ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လမတိုင်မီ မြန်မာနိုင်ငံ က အပြီးထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ ETI အစီရင်ခံစာထဲမှာ နိုင်ငံတကာအသိအမှတ်ပြု အလုပ် သမား ကျင့်ထုံးဥပဒေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက တာဝန်သိစွာထွက်ခွာသင့်တယ်လို့ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဟာ လူအခွင့် အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

Marks & Spencer အနေနဲ့ မိမိတို့ ကုန်သွယ်ရေးရဲ့ ဘယ်လိုအခန်းကဏ္ဍမှာမှ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လက်မခံနိုင်ဘူးလို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။

သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP - Myanmar ရဲ့ အောက်တိုဘာ ၁ ရက်နေ့ ဖော်ပြချက် အရ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံ ၁၃ နိုင်ငံရှိနေပြီး ဒီထဲမှာ ဗြိတိန်က ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။