ငှက်ဖျားဆေးမတိုးသူတွေ များလာနေ
2014.07.30

အရှေ့တောင်အာရှက နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ငှက်ဖျားရောဂါကုသဆေး မတိုးတော့တဲ့လူနာတွေ အများအပြားတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး ထိပ်တန်းပညာရှင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က သတိပေးလိုက်ပါတယ်။
New England ဆေးပညာဂျာနယ်မှာ ဖေါ်ပြချက်အရ ဆိုရင် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ကမ္ဘောဒီးယား မြောက် ပိုင်းနဲ့ အနောက်ပိုင်းတို့အပြင် ထိုင်းနဲ့ ဗီယက်နမ်နိုင် ငံတွေက ငှက်ဖျားရောဂါပိုးရှိသူ ၁၂ဝဝ ကျော် ရဲ့သွေးတွေကို စစ်ဆေးခဲ့ရာမှာ ငှက်ဖျားတိုက် ဖျက်ဆေးတွေကို ယဉ်ပါးနေတာတွေ့ရှိခဲ့ရတယ် လို့ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း အဲ့ဒီလို ငှက်ဖျားဆေး မတိုးတော့တဲ့လူနာတွေ တိုးပွားလာနေတယ်လို့ ပညာရှင်တွေကပြောပါတယ်။ အခုလို အရှေ့တောင် အာရှမှာ ငှက်ဖျားတိုက်ဖျက်ဆေး ယဉ်ပါးမှှုတနေ့ တခြား ပွားများလာနေတာကို အလေးအနက်ထား ပြီး ဖြေရှင်းရမယ့် အချိန်ရောက်နေပြီလို့လည်း အောက်စဖို့တက္ကသိုလ်ပညာရှင် Nicholas White က သတိပေး လိုက်ပါတယ်။