အော်ရီဒူး ဆက်သွယ်ရေး တာဝါတိုင်စိုက်ထူမှု မဘသအဖွဲ့ ကန့်ကွက်


2015.04.16

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း ၅၁ ရပ်ကွက်မှာ ဧပြီလ ၁၅ ရက်နေ့က အော်ရီဒူးကုမ္ပဏီရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူမှုကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်တွေက ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်ဥပဒေအရ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မယ့်နေရာအနီးမှာ နေထိုင်သူတွေရဲ့ သဘောတူညီမှုမရဘဲ ဆောက်လုပ်တာဖြစ်တဲ့အတွက် ကန့်ကွက်ရတာဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်ဦးပါမောက္ခက မိန့်ကြားပါတယ်။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုချက်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၅၁ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရးမှူးက လုပ်ဆောင်နေတဲ့အပေါ် ဥပဒေစိုးမိုးမှုရှိအောင် ကန့်ကွက်ရခြင်းဖြစ် တယ်၊ အော်ရီဒူးတာဝါတိုင် စိုက်တယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခြေရင်းခေါင်းရင်း ကို ဝဲယာအိမ်တွေက ကန့်ကွက်မယ်ဆိုရင် တိုင်က ဆက်လက်စောင့်လို့မရပါဘူး"

ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်တာကို သဘောမတူတဲ့အကြောင်း အဲဒီရပ်ကွက်က တိုင်ကြားချက်တွေ အများအပြားရရှိထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဆရာတော်တွေက ကန့်ကွက်ခဲ့တာကြောင့် အဲဒီ့ရပ်ကွက်မှာ တည်ဆောက်မယ့် တာဝါတိုင်စိုက်မယ့် အစီအစဉ်ကို ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်ဦးပါမောက္ခကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။