ဝန်ကြီးချုပ်အဖြစ်လျာထားခံရသူ ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး


2014.06.26
maungmaungonh-305 ပြည်ထောင်စုအဆင့် ရခိုင်ပြည်နယ် အရေးပေါ်ပူးပေါင်းဆောင် ရွက်ရေးစင်တာ ECC ဒုတိယဥက္ကဌ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန်လ ၂၆ ကတွေ့ဆုံစဉ်
Photo: Myo Zaw Ko/RFA

နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းတွေကို ရခိုင် တိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားအားလုံး လေး စားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ အတွက် အဆိုပြုခံထား ရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီကနေ့ ပြောလိုက် ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မောင်မောင်အုံးက အခုလိုပြောခဲ့တာပါ။

"ကျနော်တို့နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်နေခြင်း ကျနော်တို့ သွားနေတဲ့ ဒီမို ကရေစီ လမ်းကြောင်းသည်လည်း ကိုယ့်ဟာကိုယ် ကိုယ့်ခြေထောက်နဲ့ ကိုယ့်အဖွဲ့နဲ့ ရပ်တည်သွားမှာ ဘယ်သူ့မှပြန်မပြောပဲနဲ့ သွားတဲ့လမ်းကြောင်းကနေ ဖယ်ထွက်ပြီးတော့ ယနေ့နိုင်ငံတကာနဲ့ သွားမယ် ပြီးတော့ ကျနော်တို့ နိုင်ငံတကာစံနှှုန်းကိုလည်း ရခိုင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသား အားလုံးကလည်း အားလုံးညီညွတ်စွာ နိုင်ငံတကာစံနှှုန်းတွေနဲ့အညီ လူထုရဲ့ ပြယုဒ်မျက်နှာစာ ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ ဂုဏ်သိက္ခာဖြစ်တဲ့ဲ့အတွက် နိုင်ငံတကာစံနှှုန်းတွေနဲ့ ကျနော်တို့ စည်းစည်းလုံး လုံးနေကြပါ"

သမ္မတဦးသိန်းစိန်ဟာ ရခိုင်အရေးကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ ဒေသခံရခိုင် တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေးထားပြီး စီမံဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်တိုင်းရင်းသားဖြစ်ဖို့ တောင်းဆိုနေတာကို သူအနေနဲ့ နားလည်ကြောင်း ၊ နောက်တက်လာမယ့် အစိုးရသစ်လက်ထက်ကျရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရခိုင်တိုင်းရင်းသားသာဖြစ်သင့် တယ်လို့ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ရဲ့ အထူးအကြံပေးကိုယ်စားလှယ် Vjay Nambiar ၊ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး အစီအရင်ခံစာ အကောင်အ ထည်ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ဝင်တွေ၊ ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။