မန်တုံ ဒေသခံတွေ တိုက်ပွဲကြောင့် ထွက်ပြေး


2016.07.21
namtuu-refugees-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ကိုမျိုး

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်က ဒေသခံတွေဟာ TNLA နဲ့RCSS တပ်တွေ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာ စိုးရိမ်နေရတာကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။

လက်ရှိမှာ လူဦးရေ ၄၀၀ နီးပါးလောက် ရှိနေတယ်လို့  ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ မန်တုံမြို့နယ် တအာင်းပလောင် အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။

"စစ်ဘေးရှောင်တွေက နမ္မတူမှာ ၈ ရက်နေ့ကတည်းက စရောက်တယ်ပေါ့နော်၊ အုပ်စုလိုက်ရောက်တာမျိုး မဟုတ်ဘဲနဲ့ တဖွဲဖွဲစလာတာပေါ့နော်၊ အခုနမ္မတူမှာရောက်နေတဲ့ စစ်ဘေးရှောင်က လီဆူလူမျိုး ၂ဝဝ နီးပါးနဲ့ ရှမ်းလူမျိုး ၂ဝဝ နီးပါးပါတယ်ပေါ့"

ဒုက္ခသည်တွေဟာ အခုလ ၈ ရက်နေ့ကတည်းက ရောက်နေတာဖြစ်ပြီး ဒေသအတွင်း တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်တာကြောင့် ထွက်ပြေးလာတာလို့ပြောပါတယ်။

လက်ရှိမှာ ဒုက္ခသည်တွေကို နမ္မတူမြို့ ရွှေမြင်းတင်ဘုန်းကြီးကျောင်နဲ့ လီဆူဘုရားကျောင်းတွေမှာ နေရာချ ထားပေးပြီး ဒေသခံတွေနဲ့စေတနာရှင်တွေက ကူညီပေးနေတာဖြစ်ပါတယ်။

ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အကူအညီပေးနေတဲ့ မန်တုံမြို့နယ် တအာင်း (ပလောင်) အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်မိုး ကို RFAသတင်းထောက် ကိုကံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။