ကုလသမဂ္ဂမှာ ဝန်ကြီးဦးကျော်တင် မိန့်ခွန်းပြောမည်


2019.02.21
kyawtin-622.jpg ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကုလလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် ကို တွေ့ရစဉ်
Photo: RFA
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ လာမယ့်သီတင်းပတ ်ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကားပြောကြားမယ့် အစီအစဉ် မပါဝင်တော့ဘူးလို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကားပြောကြားမယ်လို့ ကြာသပတေးနေ့ မနက်ပိုင်းအထိ ဖေါ်ပြခဲ့ပေမယ့်၊ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေရာမှာ နိုင်ငံတကာ ပူူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကျော်တင် ကို ထည့်သွင်းထားတာတွေ့ရတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာလားဆိုတာလည်း မသိရသေးဘူးလို့ ကုလသမဂ္ဂ အရာရှိတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ပြောခွင့်ရသူဦးဇော်ဌေးကိုလည်း ဆက်သွယ်လို့ မရခဲ့သလို၊ ဂျီနီဗာမှာရှိတဲ့ မြန်မာမစ်ရှင်အဖွဲ့ကိုလည်း တနေ့လုံးမတွေ့ခဲ့ရဘူးလို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။