ကိုဝေဠု လွတ်ပြီ
2014.11.19

လျှပ်စစ်မီတာခတွေတိုးမြှင့်ကောက်ခံမယ်လို့ လွှတ်တော်ကဆုံးဖြတ်လိုက်တာကို ကန့်ကွက် ဆန္ဒပြမှုအပြင်၊ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ဆန္ဒပြတာကို ကူညီတဲ့အတွက်ထောင် ၃ လချမှတ်ခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠု ဟာလွတ်ရက်စေ့ပြီး မနေ့မနက်က အင်းစိန်ထောင်ကနေ ပြန်လွတ်ခဲ့ပါတယ်။
ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ လောက်ရှိနေသလို၊ ရာဇဝတ်အကျဉ်းသားတွေထဲမှာလဲ HIV ဝေဒနာဖြစ်နေသူတွေအတွက် စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ကိုဝေဠုက RFA ကိုပြောပါတယ်။
"၄၀ ဆယ်နီးပါးလောက်ရှိမယ် ဒါပေမယ့် ပုဒ်မတွေမတူဘူး အဖြစ်အပျက်တွေမတူဘူး တချို့က ဗုံးဖေါက်ခွဲမှုအတွက် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ ဟာမျိုးတွေလဲရှိတယ်၊ မိုးထိမိုးမိရွှေလုပ်သားတွေလဲရှိမယ်၊ MDCF အဖွဲ့ဝင်တွေ ဦးဇော်ဝင်းတို့၊ ကိုတင်မောင်ကြည်တို့၊ ကိုနောင်နောင်တို့၊ ကိုထင်ကျော်တို့ရှိမယ်၊ နောက် Bi မွန်းတည့်နေတို့ အဖွဲ့သား မီဒီယာအဖွဲ့သားတွေရှိမယ်၊ နောက် လှိုင်သာယာက ရန်ကုန်ကိုလမ်းလျှောက်လို့ဆိုတဲ့ အခြေအနေနဲ့ ကျလာတဲ့ ကိုရဲထွဋ်ခေါင် တို့ရှိပါမယ်။ အဓိက ထောင်ထဲမှာတွေ့ခဲ့ရတဲ့ အရေးတစ်ကြီးတင်ပြချင်တဲ့ အပိုင်းတွေက HIV ရောဂါသည်တွေ တော်တော်လေးများနေတယ်၊ ကုသလို့မရတဲ့ အခြေအနေတစ်ခုနဲ့ ဆေးသောက်ပြီး သေမယ့်နေ့ကို စောင့်နေရတဲ့ အခြေအနေမျိုးတွေ မြင်ခဲ့ရပါတယ်။"
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝင်လူဆိုးတွေလို့ဆိုရမယ့်သူတွေကြားမှာ ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်ရတဲ့အခြေအနေမှာတွေ့ ခဲ့ရတယ်လို့
ကိုဝေဠုကပြောပါတယ်။