UNFC အဖွဲ့မှာ မပါတော့လို့ KNU အဖွဲ့ စာပေးပို့
2014.09.01

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီလို့ ခေါ်တဲ့ UNFC အဖွဲ့မှာ ပါဝင်တော့မှာမဟုတ်ဘဲ ကိုယ်စားလှယ်တွေအားလုံးကို ရုပ်သိမ်းကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ UNFC ညီလာခံ ကို ဒီကနေ့ တရားဝင်စာပေးပို့လိုက်ပါတယ်။
အဲဒီစာကို သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ KNU ဥက္ကဌ ဗိုလ်ချူပ် စောမူတူးစေးဖိုး လက်မှတ်ထိုးထားတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ခိုင်မာတဲ့ တပ်ပေါင်းစု တည်ဆောက်နိုင်ဖို့အတွက် တတပ်တအား ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ UNFC ညီလာခံကို ဒီကနေ့ ရက်စွဲနဲ့ စာတစ်စောင် တင်ပြခဲ့ပါတယ်။
မနေ့က UNFC ညီလာခံမှာ KNU အဖွဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ သဘောထားနဲ့ ကိုက်ညီမှှုမရှိတဲ့အတွက် ဆိုပြီး မနက်ပိုင်း ဆွေးနွေးပွဲအပြီးမှာ အစည်းအဝေး ဆက်မတက်တော့ပဲ ပြန်သွားခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချင်းမိုင်မြို့က RFA သတင်းထောက် ဦးအောင်မိုးမြင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။