ဒုက္ခသည်စခန်း မီးလောင်


2014.12.31
kachin-refugees-fire-305.jpg ဒီဇင်ဘာ ၂၉ ရက်နေ့က မီးဘေးသင့်ခဲ့တဲ့ စင်ကြိုင် ကချင်စစ်ပြေး ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: Lachid Kachin Facebook

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့နယ်ခွဲမှာ ရှိတဲ့ စင်ကြိုင်ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၂၉ ရက် ညသန်းခေါင်ချိန်ကနေ ၃၀ ရက်နေ့ မနက်အထိ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၈၀ ကျော် ပျက်စီးပြီး ဒုက္ခသည် ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။

စင်ကြိုင်ဒုက္ခသည်စခန်းကို သွားရောက်ကူညီပေးနေတဲ့ ကချင်ပြည်နယ် ကြက်ခြေနီဦးစီးမှူး ဦးဂဲနက်(စ်) က မီးလောင်မှုမှာ ထိခိုက်သေဆုံးသူမရှိဘူးလို့ ပြော ပါတယ်။

"ကျနော်တို့ သတင်းရတာကတော့ အိမ်ခြေ ၈ဝ ပေါ့၊ အိမ်ထောင်စုအနေနဲ့တော့ ၉ဝ မီးဘေးသင့်ခံရတာပေါ့၊ ကျနော်တို့ ကြက်ခြေနီက ပစ္စည်းတွေသွားပြီးတော့ ပို့ဆောင်ဖို့ရှိပါတယ်၊ လက်ရှိကတော့ သူတို့တွေ နေရေးထိုင်ရေး အခက်အခဲဖြစ် မှာပေါ့၊ နောက်ဆုံးသတင်းကတော့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိဘူးလို့ ကျနော်တို့ သတင်းရရှိထားပါတယ်"

ဒုက္ခသည်စခန်းအတွင်းက နေအိမ်တစ်လုံးကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်ပျက်စီးတဲ့အထဲမှာ ရိက္ခာဂိုဒေါင်တစ်လုံး ပါသွားတဲ့အတွက် အဝတ်အစားတွေနဲ့ စားစရာတွေ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

တရုတ် မြန်မာနယ်စပ်အနီးမှာရှိတဲ့ စင်ကြိုင်ဒုက္ခသည်စခန်းဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၆၀ ကျော် အကွာမှာရှိပြီး အဲဒီစခန်းမှာ လူဦးရေ တစ်ထောင်လောက် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။